(၈) လအတွင်း ပုစွန်မက်ထရစ်တန် ၇၀၀၀ ကျော် တင်ပို့ထား

0
195

ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း ပုစွန်မက်ထရစ်တန် ၇ဝဝဝ ကျော် တင်ပို့ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ဒီဘဏ္ဍာနှစ် ဧပြီလ (၁)ရက်ကနေ နိုဝင်ဘာလ (၃ဝ) ရက်အထိ ပြည်ပကို ပုစွန် မက်ထရစ်တန် ၇၅၅၈.၈၅၄ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၉.၁ဝ၇ သန်း ရရှိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ပုစွန်တင်ပို့မှု အနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် ၆၉ဝ၁.၅၇၁ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၅.၆၉ သန်းရရှိကာ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန် ၆၅၇.၂ ၈၃ တန် တင်ပို့ခဲ့ကာ အမေရိကန်ဒေါ်လာ ၃.၄၁၇ သန်းရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူက ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှု နှစ်ခုစလုံးမှ မက်ထရစ်တန် ၁၁၁၈၁.၃၄၁ တန် တင်ပို့ခဲ့ကာ အမေရိကန်ဒေါ်လာ ၄ဝ.ဝ၉၅ သန်း ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ရေထွက်ကုန်များကို ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့်နိုင်ငံပေါင်း ၄ဝ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တင်ပို့လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here