နွေစပါး စိုက်ပျိုးရေး ရာသီအတွက် တောင်သူလယ်သမားများ ချေးငွေစတင်လျှောက်ထားနိုင်

0
134

လာမည့် နွေစပါးစိုက်ပျိုးရေးရာသီအတွက် တောင်သူလယ်သမားများအနေဖြင့် ချေးငွေစတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

လယ်ယာမြေ (၁၀) ဧကအထက် ပိုင်ဆိုင်သည့် တောင်သူလယ်သမားကြီးများ၏ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာလတိုချေးငွေအဖြစ် တစ်ဧကလျှင် (၄) သိန်း ထုတ်ချေးပေးနိုင်ရေးကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် လိုင်စင်ရပုဂ္ဂလိကဘဏ်များညှိနှိုင်းပေါင်းစပ်စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အစီအစဉ်အရ ချေးငွေရယူမည့်သူများသည် ပုံစံ (၇) မူရင်းအား အာမခံအဖြစ် ထားရှိရမည်ဖြစ်ပြီး ချေးငွေကာလကို (၄) လမှ (၅) လအထိ ထားရှိမည်ဖြစ်ကြောင်းသိရသည်။

အတိုးနှုန်းကို တစ်နှစ်လျှင် (၁၀) ရာခိုင်နှုန်းဖြင့် ထားရှိမည်ဖြစ်ပြီး ဧက (၁၀၀) အထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လျှောက်လွှာများကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှတဆင့် သက်ဆိုင်ရာဘဏ်များသို့ စိစစ်ပေးပို့ရန် ညှိနှိုင်းထားကြောင်း သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် လယ်ယာမြေ (၁၀) ဧကအထက်ပိုင်ဆိုင်သည့် တောင်သူလယ်သမားများ အနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သို့ Email ဖြင့်လည်းကောင်း၊ Viber ဖုန်းနံပါတ်(09400067240) သို့ လည်းကောင်း ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here