MFF AYA Pay Women’s Futsal Championship 2023 ပြိုင်ပွဲတွင် Divine FC အသင်းဗိုလ်စွဲ

0
341

MFF AYA Pay Women’s Futsal Championship 2023 ပြိုင်ပွဲတွင် Divine FC အသင်းမှ ဗိုလ်စွဲသွားကြောင်း သိရသည်။

ပြိုင်ပွဲ၏နောက်ဆုံး ပွဲစဉ်များကို ဒီဇင်ဘာ (၂၀)ရက် ညနေပိုင်းက MFF Futsal Stadium တွင် ယှဉ်ပြိုင်ကစားခဲ့ရာ Divine FC အသင်းက YRG FC ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲတွင် စုစုပေါင်း ရမှတ် (၁၄)မှတ် ဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

MFF AYA Pay Women’s Futsal Championship 2023 ပြိုင်ပွဲများကို ကိုင်တွယ်ခဲ့သော ဒိုင်လူကြီးများနှင့် စတုတ္ထဆု ရရှိသော Burmese Bees FC အသင်းကို အမှတ်တရဆုများ ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲ၏ အသန့်ရှင်းဆုံးအသင်းအဖြစ် YRG FC အသင်းကို အမှတ်တရဆုနှင့် ဆုကြေးငွေ ကျပ် (၃) သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ပြိုင်ပွဲ၏ အကောင်းဆုံး ဂိုးသမားဆု ရရှိသော YRG FC အသင်းမှ ချောစန္ဒီအောင် ကို အမှတ်တရ ဆုနှင့် ဆုကြေးငွေကျပ် (၂) သိန်း၊ ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမား ဆု ရရှိသော Divine FC အသင်းမှ အေးအေးထွေးကို အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် (၂) သိန်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲ၏ တတိယဆု ရရှိသော Yangon Youth FC အသင်းကို တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေး‌ငွေကျပ် (၁၀) သိန်း၊ ဒုတိယဆု ရရှိသော YRG FC အသင်းကို တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဆုကြေး‌ငွေကျပ် (၁၅) သိန်း၊ ပထမဆု ရရှိခဲ့သော Divine FC အသင်းကို တစ်ဦးချင်းဆုများ၊ ဆုကြေးငွေ ကျပ် (၂၅) သိန်းနှင့် ချန်ပီယံ ဆုဖလားအား ပေးအပ်ခဲ့ကြောင်း သိရသည်။

Photo -MFF Futsal


LEAVE A REPLY

Please enter your comment!
Please enter your name here