ရန်ကုန်-ပြည်လမ်း မှော်ဘီမြို့ ဆေးရုံကွေ့အနီး အိမ်စီးကားတစ်စီး အရှိန်လွန်ကာ ရေမြောင်းထဲပြုတ်ကျ

0
208

ရန်ကုန် – ပြည်လမ်း မှော်ဘီမြို့ ဆေးရုံကွေ့အနီးတွင် အိမ်စီးကားတစ်စီး အရှိန်လွန်ကာ လမ်းဘေးဓါတ်တိုင်အား ဝင်တိုက်မိပြီး ရေမြောင်းထဲပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်း ကရုဏာကမ်းလက်လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းမှ သိရသည်။

ယမန်နေ့ ဒီဇင်ဘာ (၂၀)ရက် ညနေပိုင်းကဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သတင်းပေးအကူအညီတောင်းခံမှုကြောင့် အသင်းမှ သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၃) ဦး ပွန်းပဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here