ယခု ဒီဇင်ဘာလအတွင်း ကားမီးလောင်ဆုံးရှုံးမှု အရေအတွက် ငါးကြိမ်ထက်မနည်း ဖြစ်ပွား

0
172

ယခု ဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ ဒီဇင်ဘာ (၂၀) ရက်နေ့အထိ ကားမီးလောင်ဆုံးရှုံးမှု အရေအတွက်သည် ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ စာရင်းအချက်အလက်များအရ သိရသည်။

အဆိုပါ ကားမီးလောင်မှုဖြစ်စဉ်သည် ရန်ကုန်တိုင်းအတွင်း (၁)ကြိမ်၊ ပဲခူးတိုင်းအတွင်း (၁)ကြိမ်၊ မန္တလေး တိုင်းအတွင်း (၂)ကြိမ်နှင့် မွန်ပြည်နယ်အတွင်း (၁)ကြိမ်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၄၆/၃နှင့် ၂၄၆/၄ ကြားတွင် Express ယာဉ်(၁)စီးမီးလောင်မှုဖြစ်ပွားခဲ့ခြင်းလည်း ပါဝင်သည်။

ယမန်နေ့ ဒီဇင်ဘာ (၂၀)ရက် ည(၉)နာရီအချိန်တွင်လည်း ရန်ကုန်တိုင်း ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂၄) ရပ်ကွက်၊ မြိတ်လမ်းတွင် ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ယင်းမီးလောင်ကျွမ်းမှုများတွင် ဆီသယ်ယာဉ်အချို့လည်းပါဝင်ခဲ့ပြီး၊ ကားမီးလောင်မှုမဟုတ်သည့် လူနေအိမ်မီးလောင်ကျွမ်းမှု အကြိမ်ရေမှာ (၄၀)နီးပါးခန့်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ စာရင်းအချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here