အမျိုးသား၊အမျိုးသမီး မီနီမာရသွန် အပြေးပြိုင်ပွဲကျင်းပမည်

0
245

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာ အားကစားလှုပ်ရှားမှုနှင့် ၂ဝ၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန် အပြေးပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အပြေးပြိုင်ပွဲကို ဒီဇင်ဘာ (၂၇) ရက် နံနက် (၆) နာရီအချိန်တွင် သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် အသက်(၁၈)နှစ်အောက်၊ (၁၈)နှစ်အထက် အမျိုးသား/အမျိုးသမီးပြိုင်ပွဲတွင် ပထမဆု ကျပ် ၅၀၀ ,၀ဝဝ၊ ဒုတိယဆု ကျပ် ၄ဝဝ,ဝဝဝ၊ တတိယဆု ကျပ် ၃ဝဝ,ဝ ဝဝ ၊ စတုတ္ထဆု ကျပ် ၂ဝဝ,ဝဝဝ၊ ပဉ္စမဆု ကျပ် ၁၅ဝ,ဝဝဝ ၊ ပန်းဝင်အမှတ်စဉ် (၅) မှ (၁၀)ထိ ကျပ် ၁၀ဝ,ဝဝဝ စီ၊ ပန်းဝင်အမှတ်စဉ် (၁၁) မှ (၅ဝ) ထိ ကျပ် ၅ဝ,ဝဝဝ စီ ၊ ပန်းဝင်အမှတ်စဉ် (၅၁) မှ (၁၀၀)ထိ ကျပ် ၄ဝ,ဝဝဝ စီ၊ ပန်းဝင်အမှ တ်စဉ် (၁ဝ၁) မှ (၂ဝဝ)ထိ ကျပ် ၃ဝ,ဝဝဝ စီ ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အသက်(၁၂)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမဆု ကျပ် ၁၅ဝ,ဝဝဝ ၊ ဒုတိယဆု ကျပ် ၁ဝ ဝ,ဝဝဝ ၊ တတိယဆု ကျပ် ၇ဝ,ဝဝဝ ၊ စတုတ္ထဆု ကျပ် ၅ဝ, ဝဝဝ ၊ ပဉ္စမဆု ကျပ် ၃ဝ,ဝဝဝ၊ ပန်းဝင်အမှတ်စဉ် (၆) မှ (၁၀၀)ထိကို ကျပ် ၁ဝ,ဝဝဝ စီ ဂုဏ်ပြုဆုချီးမြှင့်မည်ဖြစ်ပြီး ပါ ဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ကြိုတင်စာရင်း ပေးသွင်းနိုင်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here