တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လူနေအိမ် တိုက်ခန်း တစ်ခန်း မီးလောင်မှု ဖြစ်ပွား

0
212

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းတွင် နေအိမ်တိုက်ခန်း တစ်ခန်း မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ဈေးလမ်းတွင် ဒီဇင်ဘာ (၂၁)ရက်၊ နေ့လည် (၁၂)နာရီခွဲခန့် အချိန်က နေအိမ်တိုက်ခန်း တစ်ခန်း မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လည် (၁၂)နာရီ (၃၈)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လည် (၁၂)နာရီ (၃၉)မိနစ်အချိန် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခန်း မီးလောင်မှုကြောင့် လူ/တိရိစ္ဆာန် ထိခိုက်မှု တစ်စုံ တစ်ရာ မရှိကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲမှ လိုအပ်သည်များ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here