ဇန်နဝါရီလတွင် ACI အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ဖိလစ်ပိုင်သံအမတ်ကြီးထံ လွှဲပြောင်းနိုင်ရေး ACI သံရုံးအကြီးအကဲများ ဆွေးနွေး

0
174

လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ဖိလစ်ပိုင်သံအမတ်ကြီးထံ ACI အလှည့်ကျ ဥက္ကဋ္ဌ တာဝန် လွှဲပြောင်းမည့် ကိစ္စနှင့် ပတ်သက်၍ ASEAN Committee in Islamabad (ACI) သံရုံးအကြီးအကဲများ၏ ၂/၂၀၂၃ အစည်းအဝေးတွင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို အစည်းအဝေးကို ဒီဇင်ဘာ (၂၀)ရက်၊ နံနက် (၁၀) နာရီတွင် မလေးရှားသံရုံး၌ ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အစည်းအဝေးသို့ မလေးရှားသံအမတ်ကြီးနှင့်အတူ ထိုင်းသံအမတ်ကြီး H.E. Mr. Chakkrid Krachaiwong ၊ ဖိလစ်ပိုင်သံအမတ်ကြီး H.E. Ms. Maria Agnes M. Cervantes ၊ ဘရူနိုင်း သံအမတ်ကြီး H.E. Col (Rtd) PG Kamal Bashah PG Ahmad အင်ဒိုနီးရှားသံရုံးယာယီတာဝန်ခံ Mr. Yusran Hadromi ၊ ခေတ္တဗီယက်နမ်သံရုံးယာယီ တာဝန်ခံ Mr. Truong Van Thang မြန်မာသံရုံးယာယီတာဝန်ခံ/သံမှူးကြီး ဦးအောင်ကျော်သူရတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် မလေးရှားသံအမတ်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှ ဒီဇင်ဘာလအတွင်း ဆောင်ရွက်ခဲ့သည့် အစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်း၊ ACI Term of Reference ကိစ္စရပ်များ၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ထံ အစီရင်ခံတင်ပြခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ဖိလစ်ပိုင်သံ အမတ်ကြီးထံ ACI အလှည့်ကျ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းမည့်ကိစ္စ၊ ACI Family Day ပြုလုပ်မည့် ကိစ္စရပ်များနှင့် အာဆီယံ-ပါကစ္စတန် ဆက်ဆံရေးနှင့်ပတ်သက်၍ ပညာရေး၊ ခရီးသွား လုပ်ငန်းမြှင့်တင်ရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို အာဆီယံသံရုံးများအကြား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here