စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများကို ကန်ဒေါ်လာ (၁၂) သန်းကျော်ထပ်မံရောင်းချပေး

0
204

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ယနေ့ ဒီဇင်ဘာ (၂၁) ရက်တွင် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအား ကန်ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း ထပ်မံရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၈) ရက်ကလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ စက်သုံးဆီ တင်သွင်းသော ကုမ္ပဏီများကို အမေရိကန်ဒေါ်လာ (၉.၇၂) သန်း ရောင်းချပေးထားပြီး ဖြစ်သည်။

လက်ရှိ ပြည်ပမှ တင်သွင်းနေရသည့် ကုန်စည်များထဲတွင် စက်သုံးဆီသည် သွင်းကုန်ပထမ ဦးစားပေးအဖြစ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်ထားကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် Online trading ငွေလဲနှုန်းကို ယခင် ၂,၉၂၀ နှုန်းထား သတ်မှတ်ထားရာမှ Market rate အတိုင်း ဒီဇင်ဘာ (၅) ရက်ကစပြီး လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုထားခြင်းလည်း ဖြစ်သည်။

ထို့အပြင် ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေ ထက်ဝက်ကို ၂,၁၀၀ ဈေးဖြင့် သတ်မှတ်ထားရာမှ ၃၅ ရာခိုင်နှုန်းအထိသာ ရောင်းချရန်လည်း ဖြေလျှော့ပေးထားသည်။

ယင်းသို့ ဖြေလျှော့မှုများကြောင့် စက်သုံးဆီ အပါအဝင် import ကဏ္ဍတွင် ရည်တိုသက်ရောက်မှု ရှိနိုင်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here