သာမညကျေးရွာရှိ စစ်ရှောင်ပြည်သူ (၁,၅၀၀)ကျော်အတွက် စားနပ်ရိက္ခာများ MRO ထပ်မံ ထောက်ပံ့ကူညီ

0
190

ကရင်ပြည်နယ်၊ သာမညကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူ(၁,၅၀၀)ကျော် အတွက် စားနပ်ရိက္ခာအချို့ကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)က ယမန်နေ့ ဒီဇင်ဘာ (၂၁)ရက်တွင် ထပ်မံ ထောက်ပံ့ကူညီပေးခဲ့ကြကြောင်း သိရသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်အပါအဝင် အသီးအနှံများ၊ စားသုံးဆီ၊ဟင်းချက်စရာ၊ သောက်သုံးရေနှင့် အဝတ်ထည်များအား အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ထောက်ပံ့ကူညီရာတွင် ဒေသခံ လူမှုကူညီရေးအဖွဲ့များဖြစ်သောနောင်လုံဖေးမတွဲကူစိတ်ထားဖြူအသင်း ၊ အာယုပါလကော့တာအသင်း၊မေတ္တာကမ်းလက်လူမှုကူညီရေးအသင်းမင်းဇီ၊ခနိမ်းဒိုလူမှုကယ်ဆယ်ရေးအသင်း၊ ကော့ကဒါလူမှုကယ်ဆယ်ရေးအသင်းတို့က အားဖြည့်ကူညီပေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ) ဦးဆောင်မှုဖြင့် ယခု ဒီဇင်ဘာ (၁၀) ရက်နေ့ မှ ဒီဇင်ဘာ (၁၅)ရက်နေ့အထိ ‌ခြောက်ရက်တာအတွင်း ဒေသခံစစ်ရှောင်ပြည်သူ (၆,၀၀၀)ကျော်အတွက် လိုအပ်နေသည့်ဆန်၊ အသီးအနှံ၊ အဝတ်အထည်တို့ကို ထောက်ပံ့ကူညီခဲ့ပြီးဖြစ်သည်။

ဒီဇင်ဘာ (၁)ရက်နေ့ က ဖြစ်ပွားခဲ့သော ကော့ကရိတ်မြို့တိုက်ပွဲကြောင့် ကော့ကရိတ်မြို့ရှိ ဒေသခံများအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာနေပြည်သူများ ရွာလုံးကျွတ်ပြောင်းရွေ့ခဲ့ရသည်။

ထို့ကြောင့် ဒေသအတွင်း ထောက်ပံ့ကူညီမှုများ ပြုလုပ်နေရပြီး၊ ဒေသတွင်း လူမှုကူညီရေးအဖွဲ့များက စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် သောက်သုံးရေတို့ကို အလှူရှင်များနှင့်ပူပေါင်း၍ ကိုယ်ထူကိုယ်ထ ထောက်ပံ့ကူညီနေကြခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here