မုံရွာ ဆောင်းကွမ်း တစ်ပိဿာလျှင် ကျပ် (၁၀,၀၀၀)ခန့်အထိ ဈေးနှုန်းအနည်းငယ်မြင့်တက်

0
185

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ၌ ဆောင်းကွမ်း တစ်ပိဿာလျှင် ကျပ် (၁၀,၀၀၀)ခန့်အထိ ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း ယင်းဒေသခံကွမ်းစိုက်တောင်သူများထံမှ သိရသည်။

မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းမှာ နိုဝင်ဘာလတွင် ကွမ်းတစ်ပိဿာလျှင် ကျပ် (၅,၀၀၀) မှ ကျပ်(၆,၅၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာမှ ယခု ဒီဇင်ဘာလ ဒုတိယပတ်မှစ၍ အရည် အသွေး အပေါ်မူတည်၍ ကွမ်းတစ်ပိဿာလျှင် ကျပ် (၉,၀၀၀)မှ ကျပ် (၁၀,၀၀၀) ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ဆောင်းရာသီတွင် ကွမ်းအထွက်နှုန်းလျော့နည်းပြီး ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှု နည်းပါးသဖြင့် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံက သိရသည်။

ကွမ်းကို ဆောင်းစိုက်နှင့်မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here