Fight Queen’s Cup ဖိုင်နယ် ဗိုလ်လုပွဲ ပြိုင်ပွဲကျင်းပရန် (၂)ရက်သာ လိုကြောင်း ဘရော်နီကာ အသိပေး

0
257

ကယန်းလက်‌ဝှေ့မယ် ဘရော်နီကာနှင့် မွေထိုင်းလက်‌ဝှေ့မယ် Phayasingha တို့ထိုးသ-တ်မည့် 2023 Thai Fight Queen’s Cup ဖိုင်နယ် ပြိုင်ပွဲကျင်းပရန် (၂)ရက်သာ လိုတော့ကြောင်း ဘရော်နီကာက ယမန့်နေ့တွင် အသိပေးထားသည်။

Thai Fight Queen’s Cup ပြိုင်ပွဲအား ဒီဇင်ဘာ (၂၄) ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ပြိုင်ပွဲသို့ မြန်မာနိုင်ငံသားများ လာရောက်အားပေးရန် ထိုင်းနိုင်ငံ အတွင်း ကားများအကြိုအပို့ စီစဉ်ပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါ ကားကြိုပို့ စီစဉ်မှုအတွက် ဘရော်နီကာကို အားပေးသူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအချို့က စီစဉ်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

လက်ရှိတွင် ဘရော်နီကာအနေဖြင့် ဖိုင်နယ်ပွဲအတွက် အပြင်းအထန် လေ့ကျင့်နေပြီး၊ နှစ်နှစ်ဆက်တိုက် အမျိုးသမီး Thai Fight ချန်ပီယံဖြစ်လာရန် စိတ်ပိုင်းဖြတ်ထားသည်ဟုလည်း ဆိုသည်။

သူမသည် 2022 Thai Fight Queen’s Cup ပြိုင်ပွဲတွင် ချန်ပီယံဆုကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပြီး၊ ယခုနှစ် အောက်တိုဘာ (၃၀) ရက်က ထိုးသ-တ်ခဲ့သော ပွဲစဉ်တွင် မွေထိုင်းလက်ဝှေ့မယ်ကို သုံးချီ ဒိုင်ပွဲရပ်ဖြင့် ဘရော်နီကာ က အနိုင်ရရှိထားသည်။

ဘရော်နီကာသည် ယခု ယှဉ်ပြိုင်ထိုးသ-တ်မည့်ပွဲတွင် ချန်ပီယံဆု ထပ်မံရရှိပါက လာမည့် ၂၀၂၄ခုနှစ် အတွင်း One Championship သို့ သွားရောက်ကစားရန် ဆန္ဒရှိနေပြီး၊ လက်ရှိ Thai Fight ပွဲစဉ်များတွင်(၁၅) ပွဲဆက်အနိုင်ယူထားကာ ပြိုင်ဘက်ကင်းလက်ဝှေ့မယ် တစ်ဦးဖြစ်နေသည်။

ဘရော်နီကာအနေဖြင့် Thai Fight ဖြင့် စာချုပ်သက်တမ်းချုပ်ဆိုထားမှုမှာ တစ်နှစ်ဝန်းကျင်သာ ကျန်ရှိပြီး၊ စာချုပ်သက်တမ်းကုန်ပါက One ဖြင့် လက်တွဲသွားရန်ရှိနေကြောင်းနှင့် One ဘက်ကလည်း ခေါ်ယူရန် ဆန္ဒရှိနေကြောင်း လက်ဝှေ့အသိုင်းအဝိုင်းက သုံးသပ် ပြောဆိုထားသည်။

ဓာတ်ပုံ Thai Fight Club


LEAVE A REPLY

Please enter your comment!
Please enter your name here