စမ်းချောင်းမြို့နယ်မှ Taxi ကားလုပြေးသူအား တာမွေမြို့နယ်၌ ဖမ်းမိခဲ့

0
5335

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်မှ Taxi ကားလုပြေးသူအား တာမွေမြို့နယ်၌ ဖမ်းမိခဲ့မှု ယမန်နေ့ ဒီဇင်ဘာ (၂၁) ရက်ညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ ည (၉) နာရီအချိန်ခန့်က စမ်းချောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Taxi မောင်းသူအား ဓါ-းဖြင့်ထောက်ကာ ကားပေါ်မှ ကန်ချခဲ့ပြီး ကားမောင်းပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါဖြစ်စဥ်အား သိရှိလိုက်သော Taxi ယာဥ်မောင်းများက နောက်မှလိုက်ရာ မောင်းပြေးသည့်ကားသည် တာမွေမြို့နယ်၊ သမိန်ဗရမ်း လမ်းထိပ်တွင် လိုင်းကားနှင့် တိုက်မိပြီးရပ်သွားသည့်အတွက် ကားလုယက်သူကို ဖမ်းမိခဲ့ကြောင်း သိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အပ်နှံခဲ့ပြီး လိုအပ်သည့် အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here