ကချင်ပြည်နယ်မှ တစ်သျှူးငှက်ပျောများ တရုတ်နိုင်ငံသို့ တင်ပို့မှု ပြန်လည်မြင့်တက်လာ

0
263

ကချင်ပြည်နယ်အတွင်းမှ ထွက်ရှိသည့် တစ်သျှူးငှက်ပျောများကို ကံပိုင်တည်နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့မည့် ကုန်တင်ယာဉ်အစီးရေ ပြန်လည်များပြားလာကြောင်း ကချင်ပြည်နယ် အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်တူး၏ ပြောပြချက်အရ သိရသည်။

ကံပိုင်တည်နယ်စပ်ဂိတ်မှတဆင့် တင်ပို့မည့် တစ်သျှူးငှက်​ပျော ကုန်တင်ယာဉ်အစီးရေမှာ ဒီဇင်ဘာလ ပထမပတ်က အစီးရေ (၁၅ဝ) ကျော်သာရှိခဲ့သော်လည်း ဒီဇင်ဘာလ ဒုတိယပတ်မှစ၍ ကုန်တင်ယာဉ်အစီးရေ (၂၅ဝ) ကျော်အထိရှိလာကြောင်း သိရသည်။

“အခု ကချင်ပြည်နယ်ဘက်က ထွက်တဲ့ တစ်သျှူးငှက်ပျောကိုတော့ (၂၂) ဘီးယာဉ်တွေနဲ့ပဲ တစ်သျှူးငှက်ပျောကို အဓိကထား တင်ပို့နေကြတယ်”ဟု ဒုတိယဥက္ကဋ္ဌ ဒေါ်တူးကပြောသည်။

တစ်သျှူးငှက်ပျောများကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ တစ်ဖက်ကမ်း ဝိုင်းမော်၊ မိုးမောက်နှင့် ဗန်းမော်မြို့နယ်တို့တွင် အများအပြားစိုက်ပျိုးကြကြောင်း သိရသည်။

Photo-Ministry of commerce


LEAVE A REPLY

Please enter your comment!
Please enter your name here