(၂၂) ကြိမ်မြောက် ကရင်ရိုးရာနှစ်သစ်ကူးပွဲတော်ကို မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည်

0
129

(၂၂) ကြိမ်မြောက် ကရင်ရိုးရာနှစ်သစ်ကူးပွဲတော်ကို မလေးရှားနိုင်ငံတွင်ကျင်း ပပြုလုပ်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ကရင့်အဖွဲ့အစည်းက အသိပေးထားသည်။

ကရင့်သက္ကရာဇ် (၂၇၆၃) ခုနှစ် နှစ်သစ်ကူးပွဲတော်ကို လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁၄) ရက်တွင် မလေးရှားနိုင်ငံ Chinese Assembly Hall, No.1, Jln Maharajalela ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မလေးရှား ကရင့်ရိုးရာနှစ်သစ်ကူးပွဲသို့ အနယ်နယ် အရပ်ရပ်ရှိ ကရင်တစ်မျိုးသားလုံးကို ဖိတ်ခေါ်ထားပြီးစည်းလုံးခြင်းကို ပုံဆောင်သည့်ပွဲတော်ဖြစ်သည့်အတွက် ကရင် လူငယ်မောင်မယ်များတက်ရောက်ကြရန်လည်း တိုက်တွန်းနိုးဆော်ထားသည်။

အဆိုပါ ပွဲတော်တွင် ဖျော်ဖြေရေးအစီ အစဉ်အဖြင့် အထူးဖိတ်ကြားထားသော ဧည့်သည်အဆိုတော် ရိန်မိုးအပါအဝင် ကရင်နာမည်ကြီးအဆိုတော်များဖြစ်သည့် ဖဝ့်အဲကုံ ၊ Saw Black၊ Judso- -nmoo၊ Kphoekwar Karendy တို့ လာရောက် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကရင်ပြည်နယ်ယဉ်ကျေးမှု ဉက္ကဌ နှင့် မလေးရှား ကရင်ရိုးရာ ယဉ် ကျေးမှု ဒုံးအဖွဲ့ဉက္ကဌတို့ တက်ရောက်ကြမည်ဖြစ်ကာ မလေးရှားနိုင်ငံရောက် ကရင်အဆိုရှင်များ ပါ ဝင်အားဖြည့် ဖျော်ဖြေသွားမည့် ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here