ရှစ်နှစ်အရွယ်သမီးအား ရထားအောက်မှဖြတ်ခိုင်း၍ ကလေ-းငယ်‌ေ-သဆုံး

0
155

အမေရိကန်ပြည်ထောင်စု၊ကလီဖိုးနီးယားပြည်နယ်၊ဖရက်စနိုမြို့၌ ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလက ဂျွိုင်းဖရန့်စ်ကောလင်းအမည်ရှိ အမျိုးသမီးတစ်ဦးသည် ရထားသံလမ်းတစ်ဖက်ရှိ ဘတ်စ်ကားအားမီစေရန် စက်နှိုး၍ရပ်ထားသောရထား၏အောက်သို့ ရှစ်နှစ်အရွယ်သမီးငယ်အား တွားသွားဝင်ရောက်၍ဖြတ်ကူးစေခဲ့သဖြင့် ကလေးငယ်‌ေ-သဆုံးခဲ့ရမှုအတွက် တရားရုံးက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်တွင် ၎င်းအားထောင်ဒဏ်ခြောက်နှစ်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းသိရသည်။

ရှစ်နှစ်အရွယ်မိန်းကလေး ဂျိုယန်နာဟားရစ်က ကိုးနှစ်သားအရွယ်ရှိ အစ်ကိုဖြစ်သူ၏နောက်မှလိုက်၍ ရထားအောက်တွားသွားဝင်ကာ သံလမ်းတစ်ဖက်သို့ဖြတ်ကူးရန် မိခင်ကပြောကြားခဲ့သဖြင့် ကြိုးစားခဲ့ကြခြင်းလည်းဖြစ်သည်။

ကလေးနှစ်ဦးရထားအောက်မှဝင်၍ သံလမ်းအားဖြတ်ကူးနေကြစဉ် ရထားကလည်းစတင်ရွေ့ရှားလာခဲ့ရာ ကလေးနှစ်ဦးအနက်အစ်ကိုဖြစ်သူမှာ ဒဏ်ရာရရုံသာရခဲ့သော်လည်း ဂျိုယန်နာဟားရစ်မှာမူရရှိသော ဒဏ်ရာများကပြင်းထန် သဖြင့်‌ေ-သဆုံးခဲ့ရသည်ဟုလည်းသိရသည်။

၎င်းဖြစ်ရပ်တွင် ရထားသည်အဆိုပါနေရာ၌ ၁၂ စက္ကန့်သာရပ်နားခြင်းဖြစ်ပြီး အချိန်များစွာကြာရှည်ရပ်နားနေခြင်းမဟုတ်ဟုလည်းသိရသည်။ဖရက်စနိုရဲတပ်ဖွဲ့ကလည်း ဂျွိုင်းဖရန့်စ်ကောလင်းကိုဖမ်းဆီးကာ ကလေးငယ်နှစ်ဦး၏အန္တရာယ်ကို ဥပေက္ခာပြုဆောင်ရွက်ခဲ့မှုဖြင့်ရုံးတင်စစ်ဆေးခဲ့သည်။

အောက်တိုဘာလတွင်မူ တရားရုံးက ဂျွိုင်းဖရန့်စ်ကောလင်းအား ကလေးသူငယ်များအား နိုင့်ထက်စီးနင်းအကြမ်းဖက်ဆောင်ရွက်မှုနှင့် ကလေးသူငယ်များအား အန္တရာယ်ဖြစ်စေမှုတို့ဖြင့်အပြစ်ရှိကြောင်းတရားစွဲခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်တွင် ထောင်ဒဏ်ခြောက်နှစ်စီရင်ချက်ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။

Source : peoplemag


LEAVE A REPLY

Please enter your comment!
Please enter your name here