မနက်စာ လက်ဖက်ရည်နောက်ကျလို့ ဇနီးဖြစ်သူကို ခေါင်းဖြ-တ်သ-တ်တဲ့ အိန္ဒိယ အမျိုးသား

0
241

မနက်စာ လက်ဖက်ရည်ရဖို့ ကြာနေကြောင့် ဒေါသထွက်ကာ ဇနီးဖြစ်သူကို ဓ-ါးနဲ့ ခေါင်းဖြ-တ်သ-တ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

အဆိုပါ ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ်က ကျေးရွာတစ်ရွာမှာ ဒီဇင်ဘာ ၁၉ ရက်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အိန္ဒိယမီဒီယာတွေက ဖော်ပြပါတယ်။

ဒါရမ်ဗီးရ်လို့သာ အမည်ဖော်ပြထားတဲ့ အမျိုးသားဟာ အိပ်ယာကနှိုးချိန်မှာ သူ့အတွက် မနက်စာလက်ဖက်ရည်နှစ်ခွက်ပေးဖို့ ဇနီးဖြစ်သူကို တောင်းခဲ့ရာမှာ အချိန်နည်းနည်းကြာမယ်လို့ ပြောတဲ့အတွက် ဇနီးသည် စန္ဒရီအပေါ် စိတ်တိုခဲ့​ကြောင်း ရဲက စစ်ချက်ကိုပြောဆိုပါတယ်။

“လက်ဖက်ရည်ရဖို့ နောက် ၁၀ မိနစ်လောက်ကြာဦးမယ်လို့ သူ့ဇနီးက ပြောချိန်မှာ သူဒေါသထွက်ပြီး မီးဖိုချောင်သုံးပစ္စည်းတွေကို ကန်ထုတ်ပစ်ခဲ့​ကြောင်းထွက်ဆိုထားပါတယ်” လို့ ရဲအရာရှိတစ်ဦးဖြစ်သူ ဗီဗက် ယာဒေ့ဗ်က Times of India သတင်းဋ္ဌာနကို ပြောဆိုပါတယ်။

အချေအတင်စကားများကြချိန်မှာ နေ့စားအလုပ်သမားတစ်ဦးဖြစ်တဲ့ ဒါရမ်ဗီးရ်( ၅၂ နှစ်) ဟာ အိမ်တစ်နေရာက ဓ-ါးရှည်တစ်ချောင်းကိုယူကာ လက်ဖက်ရည် ဖျော်နေတဲ့ စန္ဒရီ(၅၀ နှစ်) ရဲ့ လည်ပင်းကို နောက်ကနေ ဓ-ါးနဲ့ခု-တ်ဖြ-တ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။      
  
ယင်းအချိန်မှာ ၎င်းတို့ရဲ့ သားသမီးလေးဦး အိပ်ယာကနေလန့်နှိုးလာကြကာ သူတို့ မိခင်ကို ကယ်ဖို့ကြိုးစားကြပေမယ့် ဒါရမ်ဗီးရ်က ခ​လေး​တွေကိုလည်း ဓ-ါးနဲ့ဝှေ့ယမ်းလာတာကြောင့် အိပ်ခန်းထဲ ချက်ချင်းပြန်ဝင်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဆူညံသံတွေကြောင့် အိမ်နီးနားချင်းတွေ အပြေးအလွှားရောက်လာကြချိန်မှာ စန္ဒရီတစ်ယောက် သွေးအိုင်ထဲ ‌ေ-သဆုံးလျက်တွေ့ရှိခဲ့ကြတယ်လို့ NDTV သတင်းမှာ ဖော်ပြပါတယ်။ ဒါရမ်ဗီးရ်ကတော့ ဇနီးသည်အလေ-ာင်းနားမှာ ငိုယိုနေတာကို တွေ့ခဲ့ကြပြီး သူတို့က ရဲကို ချက်ချင်းအကြောင်းကြားခဲ့ပါတယ်။ ဒါရမ်ဗီးရ်ကို ရဲက ချက်ချင်းဖမ်းခဲ့ပြီး စန္ဒရီရဲ့အလေ-ာင်းကိုတော့ စစ်ဆေးမှုလုပ်ဖို့အတွက် ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

ဖခင်ဖြစ်သူဟာ လက်ဖက်ရည်ကို အ‌ေ-သကြိုက်သူဖြစ်င်္ပြီး တစ်နေ့ လက်ဖက်ရည် ငါးခွက် ခြောက်ခွက်လောက်သောက်သူဖြစ်ကာ ဒီအကျင့်ကြောင့်ပဲ လင်မယားနှစ်ယောက် မကြာခဏ စကားများရန်ဖြစ်လေ့ရှိတယ်လို့ ၎င်းတို့ရဲ့ သားဖြစ်သူ ဆိုဒီယာက ပြောဆိုပါတယ်။

မိခင်ဖြစ်သူက ခဏခဏလက်ဖက်ရည်ဖျော်မပေးလို့ဖြစ်စေ လက်ဖက်ရည်ဖျော်တာ အချိန်ကြာနေလို့ဖြစ်စေ ဖခင်က ဆူပူအော် ငေါက်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်မတိုင်ခင်အထိ ဖခင်ဟာ မိခင်အပေါ် ရိုက်နှက်တာမျိုး လုံးဝမရှိခဲ့ဘူးလို့ Times of India သတင်းကို သားဖြစ်သူက ပြောခဲ့ပါတယ်။

Ref: The Star


LEAVE A REPLY

Please enter your comment!
Please enter your name here