ဓာတ်ဆီ တစ်လီတာ ၁၀၀ ကျော်နှင့် ဒီဇယ်တစ်လီတာ ၂၀၀ ကျော်ဈေးတက်လာ

0
196

ရန်ကုန်စက်သုံးဆီဈေးကွက်တွင် ဓာတ်ဆီတစ်လီတာ ၁၀၀ ကျော်နှင့် ဒီဇယ်တစ်လီတာ ၂၀၀ ကျော်အထိ မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

ပြီးခဲ့သည့် တစ်ပတ်က ထုတ်ပြန်ထားသည့် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၄၄၅ ကျပ်၊ ၉၅ တစ်လီတာ ၂၅၄၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၈၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၂၄၀ ကျပ်ဖြစ်ပြီး ယခုတစ်ပါတ်အတွက် ရန်ကုန်အထိုင်စက်သုံးဆီဈေးနှုန်မှာ ၉၂ တစ်လီတာ ၂၅၆၅ ကျပ် ( +၁၂၀ )၊  ၉၅ တစ်လီတာ ၂၆၆၀ ( + ၁၁၅ )၊ ဒီဇယ် ဆီတစ်လီတာ ၂၄၁၀ ကျပ်  ( + ၂၂၅)၊ပရီမီယံ ဒီဇယ်တစ်လီတာ ၂၄၆၅ ကျပ် ( +၂၂၅ ) အထိမြင့်တက်လာကြောင်း သိရသည်။

ယခုလအတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ အတတ်အကျပုံမှန်မရှိသော်လည်း တဖြည်းဖြည်း အတတ်ဘက်သို့ဦးတည်လာခြင်းဖြစ်သည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် အခြားတိုင်းနှင့် ပြည်နယ်အသီးသီးတွင် ရောင်းချရမည့် စက်သုံးဆီအခြေခံ ရည်ညွှန်းဈေးနှုန်းကို နေ့စဉ်ထုတ်ပြန်ပေးနေခြင်း ဖြစ်သည်။

ယင်းအပြင် ပြည်တွင်းရှိ စက်သုံးဆီ ရောင်းချသူများအနေဖြင့် စက်သုံးဆီ ဈေးနှုန်းများကို ဈေးကစားခြင်း ၊ သိုလှောင်ထားရှိခြင်းများ ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို့ ပြုလုပ်ပါက အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here