တရုတ်နှင့်ရင်ဆိုင်စစ်ထိုးမည်မဟုတ်ဟု ဒုသမ္မတနေရာတစ်ပြေးနေသူဆို

0
190

တိုင်ပေ၊ဒီဇင်ဘာ ၂၃

ထိုင်ဝမ်အနေဖြင့် တရုတ်နှင့်ထိပ်တိုက်အတွေ့ခံပြီး ရင်ဆိုင်ကာ စစ်ပွဲကိုဆင်နွှဲမည်မဟုတ်ကြောင်း အမေရိကန်ဆိုင်ရာထိုင်ဝမ်ထိပ်တန်းသံတမန်ဟောင်းတစ်ဦးဖြစ်သကဲ့သို လာမည့်ထိုင်ဝမ်ရွေးကောက်၌ ဒုတိယသမ္မတအဖြစ် တစ်ပြေးနေသည့် မစ္စ Hsiao bi – khim ကပြောကြားခဲ့သည်။

တရုတ်သည် လက်ရှိအာဏာရပါတီ၏ဒုတိယသမ္မတဖြစ်သကဲ့သို့ နောက်သမ္မတအဖြစ်တစ်ပြေးနေသည့် Lai Ching – te အား အန္တရာယ်ရှိသည့်ခွဲထွက်ရေးသမားတစ်ဦးအဖြစ်သတ်မှတ်ပြီး လက်ရှိအချိန်သည် ထိုင်ဝမ်ပြည်သူများအနေဖြင့် စစ်နှင့်ငြိမ်းချမ်းရေးကိုရွေးရမည်ဖြစ်ကြောင်းဆိုကာ ကူမင်တန်ပါတီအနိုင်ရပါက တရုတ်နှင့်အဆင်ပြေမည်ဖြစ်သည်ဟုလည်းဆိုသည်။

သို့သော် ကူမင်တန်ပါတီကမူ ၎င်းတို့အနေဖြင့် တရုတ်လိုလားသောပါတီမဟုတ်ကြောင်း အခိုင်အမာငြင်းဆိုထားသည်။

တရုတ်နှင့်ထိုင်ဝမ်တို့သည် ဆွေးနွေးရန်လိုအပ်နေခြင်းသာဖြစ်ပြီး လက်ရှိအာဏာရပါတီသည် ယင်းသို့မလုပ်နိုင်သည့်အတွက်သာ နှစ်ဖက်တင်းမာမှုများမြင့်တက်နေရခြင်းဖြစ်သဖြင့် ကူမင်တန်အနေဖြင့် အာဏာရလာပါက တရုတ်နှင့်ညှိနှိုင်းမည်ဖြစ်ကာ ထိုင်ဝမ်ကို ကာကွယ်ရန် အတွက်လည်းကတိပြုထားသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here