မြန်မာ့သတ္ထု တွင်းထွက်ပစ္စည်း ပြည်ပတင်ပို့မှု ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ သန်း ၂၀ ကျော် လျော့

0
148

ယခု ဘဏ္ဍာနှစ်တွင် ပြည်ပသို့ မြန်မာ့သတ္ထုတွင်းထွက်တင်ပို့မှုအနေဖြင့် ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ‌သန်း ၂၀ ကျော် လျော့ကျ‌နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်သွယ်မှုအချက်အလက်များအရ သိရသည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလ (၁၅) ရက်အထိ ရှစ်လကျော်ကာလအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့သတ္ထုတွင်းထွက် ပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၉၂ ဒသမ ၆၈၃ သန်းရရှိခဲ့ပြီး ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ‌ကာလတူစာရင်းတွင် အမေရိကန်ဒေါ်လာ ၂၁၃ ဒသမ ၄၀၃ သန်းရရှိခဲ့ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့သတ္ထု တွင်းထွက်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ နိုင်ငံပိုင်တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာ ၂၆ ဒသမ ၅၉၂ သန်းနှင့် ပုဂ္ဂလိကပိုင် တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာ ၁၆၆ ဒသမ ၀၉၁ သန်း အထိ ရရှိခဲ့ကြောင်း သိရသည်။

ပြည်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည့် မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများမှာ ကျောက်စိမ်း၊ စိန်၊ ရွှေ၊ ပုလဲ၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကြေးနီ၊ ငွေ၊ ကျောက်မီးသွေး၊ သွပ်နှင့် အခြားတွင်းထွက်သတ္ထုများ ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here