မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်တွင် နေအိမ် (၃) လုံး မီးလောင်မှုဖြစ်ပွား

0
217

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်၊ သင်္ဘောဦးရပ်တွင် ယနေ့ ‌မွန်းလွဲပိုင်းက နေအိမ် (၃) လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ ဒီဇင်ဘာ (၂၃)ရက် မွန်းလွဲ (၃)နာရီ (၂၀)မိနစ် အချိန်ခန့်က မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်၊ သင်္ဘောဦးရပ်တွင် မီး လောင်မှုဖြစ်ပွားကြောင်း သတင်းအရ မုဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ မြို့နယ်စည်ပင်မှ ရေသယ်ယာဉ်(၁)စီး၊ ညောင်ကုန်း အရန်မီးသတ်စခန်းမှ ရေသယ်ယာဉ် (၁)စီး၊ ဝက်တဲ အရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ကျုံဖိုက် အရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ မုဒုံအရေးပေါ်ပရဟိတအသင်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးနှင့် Y အ ရေးပေါ်အသင်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ (၃)နာရီ (၅၅)မိနစ်အချိ န်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့် နေအိမ် (၃)လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး လူ/တိရိစ္ဆာန် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here