မန္တလေး တောင်အင်းမြောက်အင်း အမှိုက်ပုံ မီးလောင်မှု အချိန် (၂) နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရ

0
173

မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်အင်းမြောက်အင်း အမှိုက်ပုံမီးလောင်မှုကို အချိန် (၂)နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အမရပူရမြို့နယ်၊ ညောင်ပင်စောက်ကျေးရွာအနီးရှိ တောင်အင်းမြောက်အင်း အမှိုက်ပုံသည် ဒီဇင်ဘာလ (၂၃) ရက်၊ ည‌နေ (၄) နာရီ (၄၀) မိနစ်အချိန်ခန့်က စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုအား မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၁၀) စီး၊ ရေသယ်ယာဉ် (၆) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ နှင့် လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည (၇) နာရီခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

အမရပူရမြို့နယ်ရှိ တောင်အင်းမြောက်အင်း အမှိုက်ပုံသည် ယခင်ကလည်း မီးလောင်မှုဖြစ်စဥ်များရှိခဲ့ဖူးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Photo – MFSD / Ko Than Htay


LEAVE A REPLY

Please enter your comment!
Please enter your name here