မော်လမြိုင် တောင်ဝိုင်းတောင် တောင်တက်လမ်းလျှောက်ရာသီကို (၃)လ သတ်မှတ်

0
252

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင် ၊ တောင်တက်လမ်းလျှောက်ရာသီကို (၃)လ သတ်မှတ်ထားရှိကြောင်း ယင်းဒေသ အခြေစိုက် သာသနာနွယ်ဖောင်ဒေးရှင်းထံက သိရသည်။

တောင်ဝိုင်းတောင်တက် လမ်းလျှောက်ရာသီကို ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီ(၃)လ သတ်မှတ်၍ ဖွင့်ပေးထားမည်ဖြစ်ကြောင်း ဆိုသည်။

ထို့‌ကြောင့် ယခုလ ဒီဇင်ဘာ (၂)ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ပြည်သူလူထု ကျန်းမာရေး တောင်တက်လမ်းလျှောက် နှင့် ဘုရားဖူးရာသီ စတင်ပြီဖြစ်သည်။

တောင်တက်လမ်းလျှောက်သူများ အနေဖြင့် တောင်ပေါ်သို့ တက်‌ရောက်ရာတွင် လမ်းလျှောက်တက်ရမည်ဖြစ်ပြီး၊ ဆိုင်ကယ်၊ ကားများကို တောင်ခြေတွင်အခမဲ့အပ်နှံနိုင်ရန် ဆောင်ရွက်ပေးထားသည်ဟု ဆိုသည်။

တောင်တက်လမ်း လမ်းလျှောက်သူများ အတွက် ဖုန်၊ အမှိုက် ကင်းစင်သန့်ရှင်းနေစေရေး ဒေသအခြေစိုက် ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့က တစ်လတစ်ကြိမ် တောင်တက်လမ်းတစ်လျောက် ရေဆေး၍ ကုသိုလ်ယူဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here