ချင်းမိုင်မြို့တွင် လူငယ်အချင်းချင်းစကားများရန်ဖြစ်မှုကြောင့် (၁) ဦး ‌ေ-သဆုံးကာ (၈) ဦး ဖမ်းဆီးခံထားရ

0
251

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ စန်ဆိုင်မြို့နယ် နောင်ဟန်ရပ် ဗန်းထပုံရွာတွင် လူငယ်အချင်းချင်း အုပ်စုဖွဲ့ စကားများရန်ဖြစ်မှုကြောင့် (၁) ဦး ‌ေ-သဆုံးကာ (၈) ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံသတင်းဌာနများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဒီဇင်ဘာ (၂၁) ရက်၊ သန်းခေါင်ယံ အချိန်၌ လူငယ်အုပ်စု (၂) ဖွဲ့ စကားများ ရန်ဖြစ်ခဲ့ရာမှာ လူငယ်တစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံသတင်းဌာနများမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

‌ေ-သဆုံးသူ လူငယ်၏ အလေ-ာင်းကို ဗန်းထပုံရွာ၊ သုဿန်အနီးရှိ လမ်းဘေးတွင် ဒီဇင်ဘာ (၂၂)ရက်က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အုပ်စုဖွဲ့ရန်ဖြစ်သည့် အဖွဲ့ထဲမှ လူငယ် (၈) ဦးကို ဖမ်းဆီးထားပြီး လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here