(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင်အပြည်ပြည်ဆိုင်ရာ မြင်းစီးတန်းခုန်ပြိုင်ပွဲများ ပြုလုပ်မည်

0
206

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင်အပြည်ပြည်ဆိုင်ရာ မြင်းစီးတန်းခုန်ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သတင်းနှင့်ပြန်ကြားရေးကထုတ်ပြန်အသိပေးထားသည်။

အဆိုပါ ပြိုင်ပွဲများကို ဇန်နဝါရီလ (၄) ရက် လွတ်လပ်‌ရေးနေ့ တစ်ရက်တည်းသာ ကျင်းပသွားမည်ဖြစ်ပြီး၊ အတန်း(၃) တန်းခွဲ၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ယှဉ်ပြိုင်ရာ၌ Children၊ Junior ၊ Senior ဟူ၍ အတန်းသုံးတန်းခွဲ၍ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အပြည်ပြည်ဆိုင်ရာတန်းခုန်ပြိုင်ပွဲများကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပြိုင်ပွဲနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က အချိန်နှင့်တပြေးညီထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်(ပြည်ထောင်စုနေ့အထိမ်းအမှတ်) ပြည်ထောင်စုဖလား တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် မြန်မာ့ရိုးရာမြင်းစီးအားကစားပြိုင်ပွဲကျင်းပနိုင်ရေးအတွက်လည်း အကြိုညှိနှိုင်းခဲ့ကြပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်ထောင်စုနေ့အထိမ်းအမှတ်မြင်းစီးပြိုင်ပွဲများကိုလည်း ၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ (၅)ရက် နေ့မှစတင်ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးက အသိပေးထားသည်။

အကြိုညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ (၂၀)ရက်က ရန်ကုန်မြို့၊ပါရမီလမ်းရှိ The Village Café & Restaurant ၌ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ-ဦးပြုံးမောင်မောင်၊ ဒုဥက္ကဋ္ဌ(၂)- ဦးအေးချို၊ အထွေထွေအတွင်းရေးမှူး- ဦးဌေးကျော်တို့သည် မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီဥက္ကဋ္ဌ-ဦးသန့်စင်မိုးဦးဆောင်သော ကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ပြိုင်ပွဲကျင်းပရေးကိစ္စများအတွက် အကြိုညှိနှိုင်းခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here