အင်ဒိုနီးရှား နီကယ်ထုတ်လုပ်ရေးစက်ရုံတစ်ရုံမှာ ပေါက်ကွဲမှုဖြစ်ပွားလို့ လူ ၁၃ ဦး‌ေ-သဆုံးကာ ၃၈ ဦး ဒဏ်ရာရ

0
191

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းရှိ တရုတ်ငွေကြေး​ကျော​ထောက်​နောက်ခံထားတဲ့ နီကယ်ထုတ်လုပ်ရေး စက်ရုံတစ်ရုံမှာ တနင်္ဂနွေနေ့(ဒီဇင်ဘာ ၂၄) က ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် လူ ၁၃ ဦး ‌ေ-သဆုံးပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယင်းစက်ရုံတည်ရှိရာ စက်မှုဇုန်ရဲ့ ပိုင်ရှင်က ပြောဆိုပါတယ်။

သတ္ထုပေါကြွယ်ဝတဲ့ နိုင်ငံမှာ ဆူလာဝေစီကျွန်းဟာ လျှပ်စစ်ကားဘက္ထရီတွေနဲ့ သံမဏိတွေမှာ အသုံးပြုတဲ့ အခြေခံသတ္ထုတစ်မျိုးဖြစ်သော နီကယ်ထုတ်လုပ်ရာ အချက်အချာနေရာဖြစ်ပါတယ်။ ယင်းဒေသမှာ ပေကျင်းရဲ့ ရင်းနှီးမြုပ်နှံမှုတွေ တိုးမြင့်လာခြင်းက စက်ရုံတွေမှာ လုပ်ငန်းပိုင်းဆိုင်ရာအခြေအနေ မငြိမ်သက်မှုတွေဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

ဗဟိုဆူလာဝေစီပြည်နယ်မှာ တည်ရှိတဲ့ မိုရိုဝလီစက်မှုဇုန်ရှိ Indonesia Tsingshan သံမဏိလုပ်ငန်း(ITSS) ပိုင် စက်ရုံမှာ ဒေသစံတော်ချိန် မနက် ၅ နာရီခွဲလောက်က မတော်တဆမှုဖြစ်ခဲ့တာလို့ စက်ရုံရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်ပြောဆိုပါတယ်။

‌ေ-သဆုံးသူတစ်ဦး ထပ်တိုးခဲ့တာကြောင့် ၁၂ ဦးကနေ ၁၃ ဦးဖြစ်သွားပြီး ဒဏ်ရာရစာရင်း တစ်ဦး လျော့သွားကာ ၃၈ ဦးဖြစ်ခဲ့တယ်လို့ ၎င်းက AFP သတင်းဋ္ဌာနကို ပြောဆိုခဲ့ပါတယ်။ ‌ေ-သဆုံးသူတွေဟာ အင်ဒိုနီးရှား ၈ ဦးနဲ့ တရုတ်လူမျိုး ၅ ဦး ဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

ကနဦး စုံစမ်းစစ်ဆေးချက်အရ သတ္ထုအရည်ကျိုတဲ့ မီးဖိုကြီးကို ပြုပြင်ရာမှ မီးလောင်လွယ်တဲ့အရည်တစ်မျိုး လောင်ကျွမ်းပြီး နောက်ဆက်တွဲ ပေါက်ကွဲမှုတွေဖြစ်ကာ အနီးနားက အောက်ဆီဂျင်ကန်တွေပါ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့ မနက်မှာပဲ မီးကို အောင်မြင်စွာ ငြိမ်းသ-တ်နိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ကမ္ဘာ့အကြီးဆုံး နီကယ်ထုတ်လုပ်သူနဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး သံမဏိထုတ်လုပ်သူဖြစ်တဲ့ Tsingshan Holding Group ဟာ ITSS မှာ ရှယ်ယာအများစု ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here