ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က စီစဉ်ကျင်းပသော FIFA-MFF U-17 League 2023 ပြိုင်ပွဲကို ဒီဇင်ဘာ (၂၉)ရက်တွင် စတင်မည်

0
246

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်ကျင်းပသော FIFA-MFF U-17 League 2023 ပြိုင်ပွဲကို ဒီဇင်ဘာ (၂၉)ရက်တွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ထံက သိရသည်။

ယင်း ပြိုင်ပွဲသည် မြန်မာနိုင်ငံအတွင်း လူငယ်မျိုးဆက်သစ် ကစားသမားများ ထွက်‌ပေါ်လာရေးနှင့် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများအား ထောက်ပံ့မှု ဖြစ်စေရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း ဆိုသည်။

ပြိုင်ပွဲအား ယခုနှစ် ဒီဇင်ဘာ (၂၉) ရက်မှ ၂၀၂၄ ဇွန် (၃၀)ရက်အထိ ရန်ကုန်မြို့တွင်
(၆)လ ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ထို့ကြောင့် ပြိုင်ပွဲအတွက် ၂၀၂၃ ဒီဇင်ဘာ (၂၀)ရက် မှ ဒီဇင်ဘာ (၂၄) ရက်နေ့ အထိ အုပ်စုအဆင့် ခြေစစ်ပွဲအောင်မြင်ထားသော Maubin FC ၊ Insein City FC၊ Burmese Youth FC၊ Naypyitaw United FC ၊ Su Latt Myint Mo FC၊ City Shwe- -pyithar FC အသင်းများ ဝင်ရောက်ယှဉ် ပြိုင်ရမည်ဖြစ်သည်။

ထို့အပြင် ခြေစစ်ပွဲ မယှဉ်ပြိုင်ရဘဲ တိုက်ရိုက်ဝင်ခွင့်ရထားသော Rakhine United FC ၊ Shwepyithar FC ၊ Royal Yangon Thet Lon FC ၊ Pharsimyay FC၊ Arthar- -wady FC ၊ Shan FC အသင်းများနှင့်အတူပြိုင်ပွဲကို ဝင်ရောက် ယှဥ်ပြိုင်ခွင့်ရရှိထားသည်။

အဆိုပါ FIFA-MFF U17 League 2023 လိဂ်ပြိုင်ပွဲတွင် အုပ်စုအလိုက် မည်သည့်အသင်းများ ယှဉ်ပြိုင်ရမည်ကို MFF အနေဖြင့် အသိပေး ထုတ်ပြန်ထားခြင်းမရှိသေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here