မော်လမြိုင်ဒေသထွက် ပန်းရောင်ကျွဲကော်သီးကို GI ထုတ်ကုန်အဖြစ် မှတ်ပုံတင်မည်

0
422

မော်လမြိုင်မြို့နယ်မှ ထွက်ရှိသော ပန်းရောင်အမျိုးအစား ကျွဲကောသီးကို ဒေသဆိုင်ရာအညွှန်း (Geographical Indication – GI) ထုတ်ကုန်အဖြစ် မှတ်ပုံတင်မည်ဟု မြန်မာနိုင်ငံ ကျွဲကောသီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။

လက်ရှိတွင် မူရင်းဒေသဆိုင်ရာအညွှန်းနှင့်တကွ Gl ထုတ်ကုန်အဖြစ် တရားဝင်မှတ်ပုံတင်နိုင်ရန် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စီစဉ်ဆောင်ရွက်နေကြောင်း အသင်းဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။

ပန်းရောင်အမျိုးအစား ကျွဲကောသီးသည် ရာသီဥတုဒဏ်ခံနိုင်ခြင်း၊ အရည်အသွေးကောင်းမွန်ခြင်း၊ အထားအသိုခံနိုင်ခြင်း စသည့် အရည်အသွေးများတွင် ပြည်ပကျွဲကောမျိုးများထက် ပိုမိုသာလွန်ကြောင်း သိရသည်။

ကျွဲကောမျိုးကို ပြည်ပဈေးကွက်သို့ တိုးချဲ့တင်ပို့နိုင်ရေးအတွက် အရည်အသွေး ပိုမိုကောင်းမွန်လာစေရန် ပြည်တွင်း၌ ကျွဲကောစိုက်ပျိုးထုတ်လုပ်မှု နည်းပညာပိုင်းကျွမ်းကျင်ကာ အတွေ့အကြုံ များစွာရှိသော တောင်သူအများအပြားရှိကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်း၌ ရွှေဘိုပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ ရွာငံကော်ဖီ၊ ပုဂံယွန်းထည်၊ ပုသိမ်ထီး၊ မိုးကုတ်လက်ဖက်၊ ပျဉ်းမနားမျှစ်ချဉ် စသည့် ဒေသထွက်ကုန်များလည်း GI ရရှိထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here