မြောက်ဒဂုံမြို့နယ် (၄၆)ရပ်ကွက် စံရိပ်ငြိမ်လမ်းရှိ လူနေ နှစ်ထပ်အိမ် တစ်အိမ်တွင် မီးလောင်မှုဖြစ်ပွား

0
145

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၆)ရပ်ကွက်၊ စံရိပ်ငြိမ်လမ်းရှိ လူနေနှစ်ထပ်အိမ် တစ်အိမ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ (၄၆) ရပ်ကွက်၊ စံရိပ်ငြိမ်လမ်းတွင် ဒီဇင်ဘာ (၂၅)ရက်၊ နေ့လည် (၃)နာရီ (၁၀)မိနစ်အချိန်ခန့်က နေအိမ်တစ်အိမ် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

“မီးလောင်တဲ့ အိမ်ဘေးမှာလည်း နှစ်ထပ်အိမ် တစ်လုံးရှိသေးတယ်။ မီးမကူးအောင် မီးသတ်တပ်ဖွဲ့က ကြိုးပမ်းငြှိမ်းသတ်ခဲ့ရတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထိုသို့ ငြှိမ်းသတ်ရာ ညနေ (၃)နာရီ (၁၉)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ (၃)နာရီ (၂၂)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် လူ/တိရိစ္ဆာန် ထိခိုက်မှု တစ်စုံ တစ်ရာထိခိုက်မှု မရှိကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here