ဝမ်းတွင်းမြို့ရှိ “ဝင်း” အကြော်ဖို ဂိုထောင် မီးလောင်ကျွမ်းမှုဖြစ်ပွား

0
181

မန္တလေးတိုင်း ဒေသကြီး၊ ဝမ်းတွင်းမြို့ရှိ “ဝင်း” အကြော်ဖို ဂိုထောင်တွင် ယနေ့ နေ့လယ်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

ယနေ့ ဒီဇင်ဘာ (၂၅)ရက်၊ နေ့လယ် (၃)နာရီ (၅)မိနစ်အချိန်ခန့်က ဝမ်းတွင်းမြို့၊ သဲတောအမှတ်(၁)ရပ်ကွက်၊ သဲတော – ဝမ်းတွင်း ဒုတိယလမ်းရှိ “ဝင်း” အကြော်ဖိုတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးလောင်ကျွမ်းမှု သတင်းအရ ဝမ်းတွင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၁) စီး၊ သဲတောနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ရာ နေ့လည် (၃)နာရီ (၁၄)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့် လူ/တိရိစ္ဆာန် ထိခိုက်မှု တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ဘဲ ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here