ခရစ်တော် ဖွားမြင်ရာမြို့တွင် ယခုနှစ် ခရစ်စမတ်ပွဲများ မကျင်းပနိုင်

0
221

ဂါဇာတွင် စစ်ပွဲများ ပြင်းထန်လာသဖြင့် ယေရှုခရစ်တော် ဖွားမြင်ခဲ့သည့် ဗက်လင်(Bethlehem)မြို့တွင် ခရစ္စမတ်ပွဲများကျင်းပခြင်းကို ထိရောက်စွာ ဖျက်သိမ်းခဲ့သည်။

စစ်ပွဲများအလယ်တွင် ကျရောက်နေသော ဗက်လင်မြို့သည် တိတ်ဆိတ်နေသည်။ ခရစ္စမတ်သစ်ပင်များ ကြီးကြီးမားမားမရှိသလို အားလပ်ရက် မီးရောင်များလည်း မရှိသည့်အပြင် အလည်အပတ်ရောက်ရှိလာသည့် ခရီးသွားများလည်း မရှိချေ။

ယခင်ကမူ ခရစ်စမတ်ရက်နီးလာသည်နှင့်အမျှ ဘုရားကျောင်း ခေါင်းလောင်းသံများသည် ဗက်လင်မြို့၏ ဝင်္ကပါလမ်းများတစ်လျှောက် ပဲ့တင်ထပ်နေခဲ့သည်။ ခရစ္စမတ်နီးလာသည်နှင့်အမျှ ခရီးသွားဧည့်သည်များဖြင့် ပြည့်နှက်နေခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေချိန်တွင် ပွဲတော်များကို ဖျက်သိမ်းရန် ဒေသခေါင်းဆောင်များက ပြီးခဲ့သည့်လကတည်းက ဆုံးဖြတ်ချက်ချခဲ့သည်။

ဗက်လင်မြို့တွင် တစ်ချိန်က အလှဆင်ထားသော ရပ်ကွက်များကို ဖယ်ရှားခဲ့သည်။ အမှတ်တရစီတန်းလှည့်လည်ပွဲများနှင့် ဘာသာရေးပွဲများကို ဖျက်သိမ်းခဲ့သည်။ မြို့လယ်တွင်၊ Manger Square ၏ကြီးမားလှသောခရစ္စမတ်သစ်ပင်သည်လည်း အထင်အရှားမရှိပေ။

ဂျေရုဆလင်မြို့၏တောင်ဘက် ရှစ်ကီလိုမီတာအကွာရှိ ဗက်လင်မြို့သို့ ခရီးသွားခြင်းသည် သာမန်အားဖြင့် လွယ်ကူသောခရီးမဟုတ်ပါ။ အစ္စရေးက တည်ဆောက်ထားသော အနောက်ဘက်ကမ်း အတားအဆီးသည် မြို့တွင်းနှင့် အပြင်သို့ ပို့ဆောင်သည့် စစ်ဆေးရေးဂိတ်များကဲ့သို့ သွားလာလှုပ်ရှားမှုကို ကန့်သတ်ထားသည်။ ဟားမတ်စ်၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့်လည်း ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသတွင် ယခုဖြစ်ပွားနေသော စစ်ပွဲကာလများအတွင်း ဝန်ထမ်း ၁၄၂ ဦး ‌ေ-သဆုံးခဲ့ကြောင်း ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် အလုပ်အဖွဲ့(UNRWA) က သတင်းထုတ်ပြန်သည်။

“ကျွန်တော်တိုရဲ့အဖွဲ့တွေဟာ လိုအပ်နေတဲ့သူတွေကို ကူညီဖို့ မဖြစ်နိုင်တဲ့ကိစ္စတွေကို လုပ်ဆောင်နေပါတယ်။ ဂါဇာမှာ ‌ေ-သဆုံးခဲ့ရတဲ့ UNRWA လုပ်ဖော်ကိုင်ဖက်တွေဟာ အခုဆိုရင် ၁၄၂ ယောက်အထိရှိလာပြီဖြစ်ပြီး အများစုကတော့ သူတိုရဲ့ မိသားစုတွေနဲ့အတူ ဆုံးရှုံးလိုက်ရပါတယ်” ဟု ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာအလုပ်အဖွဲ့က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အစ္စရေး၏ လေကြောင်းနှင့် မြေပြင်ထိုးစစ်များအတွင်း ပါလက်စတိုင်း ၂၀,၀၀၀ ကျော် ‌ေ-သဆုံးခဲ့ကြောင်း ဂါဇာရှိ ဟားမတ်စ်ထိန်းချုပ်ထားသော ကျန်းမာရေးဝန်ကြီးဌာန၏အဆိုအရသိရသည်။ ဂါဇာကမ်းမြောင်ဒေသရှိ စုစုပေါင်းလူဦးရေ၏ ၈၅ ရာခိုင်နှုန်းနီးပါးသည်လည်း စစ်ဘေးရှောင်ဘ၀ဖြင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here