မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းများရှိသည့် မတ္တရာမြို့နယ်အေးကျွန်းရွာသို့ ပြည်တွင်းပြည်ပခရီးသွား ဝင်ရောက်လည်ပတ်မှု များပြားလာ

0
227

ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ထားသည့် အေးကျွန်းကျေးရွာ၌ ပြည်တွင်း၊ ပြည်ပခရီးသွား ဝင်ရောက်လည်ပတ်မှုများပြားလာကြောင်း မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ဧရာဝတီလင်းပိုင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ခေါင်းဆောင် ဦးမောင်မောင်လေး၏ ပြောပြချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် အေးကျွန်းကျေးရွာရှိ ရက်ကန်းလုပ်ငန်း၊ အိုးလုပ်ငန်း၊ ခမောက်လုပ်ငန်း၊ ဖိနပ်လုပ်ငန်းနှင့် အခြားလုပ်ငန်းများကို ခရီးသွားများက စိတ်ဝင်စားမှုများပြားကြောင်း သိရသည်။

“အခု အေးကျွန်းကျေးရွာ လည်ပတ်တဲ့ ခရီးသွားတွေ ဧရာဝတီမြစ် မတ္တရာမြို့နယ်မှာ နေထိုင်ကျက်စားနေတဲ့ ဝတီလင်းပိုင်တွေကို ကြည့်ရှုတာတွေလဲ ရှိပါတယ်”ဟု ဦးမောင်မောင်လေးက ပြောသည်။

မတ္တရာမြို့နယ် အေးကျေးရွာသို့ ဝင်ရောက်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဦးရေမှာ ဒီဇင်ဘာလ ဒုတိယပတ်က တစ်ရက်လျှင် ၂၀၀ ကျော်သာရှိခဲ့သော်လည်း ဒီဇင်ဘာလ တတိယပတ်မှစ၍ လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ခရီးသွားဦးရေမှာ တစ်ရက်လျှင် ၃ဝဝ ကျော်ထိရှိလာကြောင်း သိရသည်။

လက်ရှိတွင် ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ထားသည့် ကျေးရွာများမှာ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ဆင်ကျွန်းကျေးရွာ၊ အေးကျွန်းကျေးရွာ၊ စွန်းကျေးရွာ၊ စိန်ပန်းကုန်းကျေးရွာ၊ စဉ့်ကူးမြို့နယ်တွင် မြစ်ကမ်းကြီးကျေးရွာ၊ ဆည်သည်ကျေးရွာနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် ရွာသစ်ကျေးရွာ၊ တကောင်းကျေးရွာ၊ ရှိမ်းမကားကျေးရွာတို့ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဧရာဝတီလင်းပိုင်ထိန်း သိမ်းစောင့်ရှောက်ရေး အဖွဲ့ခေါင်းဆောင် ဦးမောင်မောင်လေးက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here