စတုတ္ထအကြိမ်မြောက် MLC ခေါင်းဆောင်များ အစည်းအဝေးတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ပါဝင်

0
257

ဖနွမ်းပင်၊ဒီဇင်ဘာ ၂၅

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဒေါက်တာဟွန်မာနက်သည် ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပသည့် စတုတ္ထအကြိမ်မြောက် မဲခေါင် – လန်ချန်းပူးပေါင်းဆောင်ရွက်ရေး(MLC) ခေါင်းဆောင်များအစည်းအဝေးတွင် ပါဝင်ခဲ့သည်။

၎င်းသည် MLC ၏ပူးတွဲဥက္ကဌဖြစ်သည့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် Li Qiang တို့၏ ဖိတ်ကြားချက်အရပါဝင်ခြင်းဖြစ်ကြောင်းလည်းသိရသည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင်မူ အဆိုပါအစည်းအဝေးတွင် ဝန်ကြီးချုပ်နှင့်အတူ ဒုတိယ၀န်ကြီးချုပ်များ၊ဝန်ကြီးများနှင့် အစိုးရအကြီးတန်းအရာရှိများလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

MLC ခေါင်းဆောင်များသည် “မဲခေါင် – လန်ချန်းနိုင်ငံများအကြား ညီညွတ်သောအနာဂတ်အသိုက်အဝန်း‌ဖော်ဆောင်ရေးနှင့် ခေတ်မီအောင်လက်တွဲတည်ဆောက်ရေး” ဟူသောခေါင်းစဉ်အောက်မှ ဆွေးနွေးကာ၊မိတ်ဖက်နိုင်ငံများကြားရှိ အထွေထွေတိုးတက်မှုများကိုသုံးသပ်လျက် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်လည်း ဆွေးနွေးသွားကြမည်ဖြစ်ကြောင်းသိရသည်။

Ref: ခမာတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here