ဒဂုံမြို့သစ်(အရှေ့)မြို့နယ်တွင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

0
157

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅၂)ရပ်ကွက်၊ အောင်သပြေ(၃)လမ်းတွင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

ဒီဇင်ဘာ (၂၅) ရက်၊ ည (၁၀)နာရီ (၅၀) မိနစ်အချိန်ခန့်ကအဆိုပါနေရာတွင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ရသည်။

ထိုသို့ ငြှိမ်းသတ်ရာ ည (၁၀)နာရီ (၅၉)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးနှင့် ဖြစ်စဉ်အသေးစိတ်ကို မီးသတ်တပ်ဖွဲ့မှ စုံစမ်းသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here