ရန်ကုန် – မန္တလေး ရထားခရီးစဉ်များ အချိန်ပြောင်းလဲပြေးဆွဲမည်

0
309

ယနေ့ ဒီဇင်ဘာ (၂၆)ရက်မှ စတင်၍ ရန်ကုန်-မန္တလေးရထား ခရီးစဉ်များကို အချိန်ပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

” တနေ့ကို တစ်စီးလောက်ပဲ ပြေးဆွဲပေးမှာပါ။ ဒါကလည်း ရိုးရိုးတွဲဆိုင်းပဲ။ ရက်ကြီးခါကြီးကျရင်တော့ ခရီးသည်များရင် တိုးပြီးပြေးဆွဲပေးဖို့စီစဉ်ထားတယ်။ အခုကတော့ တစ်စင်းပဲပြေးဆွဲပါမယ်”ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန် – မန္တလေး ရထားလမ်းပိုင်း၌ အမှတ် (၅) အဆန် အမှတ် (၆) အစုန်ကို ရထားတစ်စင်းတည်းသာ ရိုးရိုးတွဲဆိုင်းဖြင့် အချိန်ပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းတွင် ယခင်က အမှတ် (၅) အဆန် (၆) အစုန် လေအိတ်အမြန်ရထား၊ အမှတ် (၃)အဆန် (၄) အစုန် အမြန်ရထားများ နေ့စဉ်ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ယခုအခါ အမှတ် ၅ အဆန် အမှတ် ၆ အစုန် ရထားတစ်စင်းတည်းသာပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရထားသည် မနက် ၅ နာရီတွင် ရန်ကုန်ဘူတာကြီးနှင့် မန္တလေးဘူတာကြီးမှ စတင်ထွက်ခွာမည်ဖြစ်ကာ အဆန်ရထားသည် မန္တလေးဘူတာကြီးသို့ ည ၁၀ နာရီ မိနစ်၂၀ နှင့် အစုန်ရထားသည် ရန်ကုန်ဘူတာကြီးသို့ ည (၁၀)နာရီခွဲဝန်း ကျင်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ခရီးစဉ်လမ်းကြောင်းတလျှောက်ရှိ ဘူတာတိုင်း ရပ်နားမည်မဟုတ်ပဲ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်နှင့် သာစည်ဘူတာတို့တွင်သာ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ရှင်းပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here