ထိုင်းတောင်ပိုင်းမှာ မိုးကြီးမှုကြောင့် လူသောင်းချီ ရေဘေးသင့်

0
253

ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူသောင်းနဲ့ချီပြီး ရေဘေးသင့်နေခဲ့တယ်လို့ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၅ ရက်မှာ ပြောဆိုပြီး ကားလမ်းတွေနဲ့ မီးရထားလမ်းအချို့ ပိတ်လိုက်ရကြောင်း သိရပါတယ်။

ယာလာနဲ့ နာရာသီဝမ်ပြည်နယ်တွေမှာ စာသင်ကျောင်း တစ်ဒါဇင်ခန့် ပိတ်လိုက်ရပြီး နေအိမ်တွေ၊ ဈေးဆိုင်တွေ ရွှံ့ရေတွေထဲမြုပ်နေခဲ့ကာ ဒေသခံတွေဟာ နေအိမ်အပေါ်ထပ်တွေဟာ ခိုလှုံနေကြရတာကို ဒေသတွင်းက ဗီဒီယိုဖိုင်တွေမှာတွေ့မြင်ရပါတယ်။

မိုးကြီးနေမှုဟာ ပင်လယ်ပြင်မှာလည်း ဒုက္ခရောက်မှုတွေရှိခဲ့ပြီး သောကြာနေ့ကစလို့ ထိုင်း ပင်လယ်ကွေ့နဲ့ အဒ္ဒမန်ပင်လယ်တို့မှာ ငါးဖမ်းလှေ ၇ စီးထက်မနည်း နစ်မြုပ်ခဲ့ကြောင်း သိရပါတယ်။

သံလမ်းတွေပျက်စီးမှုကြောင့် နိုင်ငံတောင်ပိုင်းကို ခုတ်မောင်းနေတဲ့ရထားတွေဟာ မလေးရှားနယ်စပ်မှ ၁၀၀ ကီလိုမီတာအကွာ ယာလာပြည်နယ်မှာ ရပ်တန့်နေခဲ့တယ်လို့ နိုင်ငံပိုင်း မီးရထားကုမ္ပဏီက ပြောဆိုပါတယ်။ ရေကြီးမှုတွေ ပိုဆိုးလာခဲ့ရင် ရွှေ့ပြောင်းကယ်ဆယ်မှုလုပ်ငန်းစဉ်အတွက် အသင့်ရှိနေကြဖို့ ပြည်နယ်တွေအတွင်းက ဒေသခံတွေကို အာဏာပိုင်တွေက သတိပေးထားကြောင်း သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here