သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့် Mobile Tablet နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရန် တင်ဒါခေါ်

0
351

၂၀၂၄ ခုနှစ် လူဦးရေးနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းစီမံကိန်းတွင် အသုံးပြုရန်အတွက် Mobile Tablet နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူလိုကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း သိရသည်။

၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကို သုံးစွဲသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မြန်မာလုပ်ငန်းရှင်များမှ ဌာနမှ သတ်မှတ်ထားသည့် အမျိုးအစား၊ Specification များအတိုင်း တိကျမှန်ကန်စွာ တင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

ဝယ်ယူမည့် ပစ္စည်းများ၏ အသေးစိတ်အချက်အလက်များကို တင်ဒါစည်းကမ်းချက်တွင် ပူးတွဲဖော်ပြထားပြီး တစ်စောင်လျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချမည်ဖြစ်ကာ ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်းလည်း သိရသည်။

အိတ်ဖွင့်တင်ဒါကို ဒီဇင်ဘာ (၂၆) ရက်မှ ဇန်နဝါရီလ (၈) ရက်အထိ ရောင်းချမည်ဖြစ်ပြီး ဇန်နဝါရီလ (၈)ရက် ညနေ (၄) နာရီခွဲတွင် တင်ဒါပိတ်မည်ဖြစ်ကြောင်း သိရသည်။

တင်ဒါဝယ်ယူရန်နှင် တင်ဒါတင်သွင်းရန် စီမံ၊ ထောက်ပံ့နှင့် ဘဏ္ဍာဌာန ထောက်ပံ့ဌာနခွဲ၊ ပြည်သူ့အင်အားဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရုံးအမှတ် (၄၈)၊ နေပြည်တော်ကို ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

အသေးစိတ် အချက်အလက်များကို သိလိုပါက ဖုန်း ၀၆၇ – ၄၃၁၃၆၇/ ၄၃၁၃၃၇ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here