တရားမဝင် သစ်၊ လုပ်ငန်းသုံး ပစ္စည်း၊ စားသောက်ကုန်ပစ္စည်းနှင့် မော်တော်ယာဉ်များ ခန့်မှန်းတန်ဖိုး ကျပ် (၁၃) သန်းကျော်ဖိုး ဖမ်းဆီးရမိ

0
146

တရားမဝင် ကုန်သွယ်မှုများကို ဥပနှေင့်အညီ အရေးယူလျက်ရှိရာ (၃) ရက်အတွင်း တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံး ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိမှု အမှုတွဲ (၇) မှု ခန့်မှန်း တန်ဖိုးငွေကျပ် (၁၃) သန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုနှင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးလျက်ရှိရာ ဒီဇင်ဘာ (၂၂) ရက်၊ ဒီဇင်ဘာ (၂၃) ရက်၊ ဒီဇင်ဘာ (၂၅) ရက်တို့တွင် ဖမ်းဆီးရမိမှု အမှုတွဲ (၇) မှု ခန့်မှန်း တန်ဖိုးငွေကျပ် (၁၃) သန်းကျော် ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ (၂၂) ရက်တွင် အေးရှားဝေါ ဆိပ်ကမ်းမှာလည်းကောင်း မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှလည်းကောင်း၊ ဒီဇင်ဘာ (၂၃) ရက်တွင် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ထီလုံကျေးရွားအနီး မြဝတီမြို့မှ ဘားအံမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ လည်းကောင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာ (၂၅)ရက်တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်နှင့် ပြည်ခရိုင်အတွင်း၌ လည်းကောင်း (၃) ရက်တွင်း တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ရာ ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃ သန်းကျော် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here