ရန်ကုန်မြို့၌ အပြည်ပြည်ဆိုင်ရာ မြင်းစီး တန်းခုန်ပြိုင်ပွဲအား ကမ္ဘာ့မြင်းစီးအားကစား အဖွဲ့ချုပ်၏ စည်းမျဉ်းအတိုင်း ကျင်းပမည်

0
218

ရန်ကုန်မြို့၌ ဇန်နဝါရီ (၄) ရက် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အပြည်ပြည်ဆိုင်ရာ မြင်းစီးတန်းခုန်ပြိုင်ပွဲအား ကမ္ဘာ့မြင်းစီး အားကစားအဖွဲ့ချုပ်၏ တန်းခုန်ပြိုင်ပွဲ စည်းမျဉ်းအတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ သိရသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ မြင်းစီးတန်းခုန် ပြိုင်ပွဲများကို Children အသက် (၁၄)နှစ်အောက်တန်းအမြင့် ၄၀ – ၅၀ စင်တီမီတာ၊ Junior – အသက် (၁၄) နှစ် – (၁၈) နှစ် တန်းအမြင့် ၉၀ စင်တီမီတာနှင့် Senior – အသက်(၁၈)နှစ် အထက် တန်းအမြင့် ၁၁၀ စင်တီမီတာ (၃) တန်းခွဲ ကျင်းပမည်ဖြစ်ပြီး တစ်ဦးချင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲနှင့်ပတ်သက်သည့် နည်းပညာဆိုင်ရာအစည်းအဝေးကိုလည်း ဇန်နဝါရီ (၃) ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် ဒီဇင်ဘာ (၂၅) ရက်မှ ဒီဇင်ဘာ (၃၁) ရက်အထိ ပြိုင်ပွဲဝင်ခွင့် လျှောက်ထား စာရင်းပေးသွင်းနိုင်ကြောင်း မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here