ယူကရိန်း၌ စစ်သားစုဆောင်းမှုအသက်ကန့်သတ်ချက်အား ၂၇ မှ ၂၅ နှစ်သို့လျှော့ချရေးမူကြမ်းတင်သွင်း

0
181

ကိဗ်၊ဒီဇင်ဘာ ၂၆

ဒီဇင်ဘာ ၂၅ ရက်ညနေပိုင်း၌ ယူကရိန်းပါလီမန်ကထုတ်ပြန်သည့် ဥပဒေမူကြမ်းတွင် ယူကရိန်း၏ စစ်သား စုဆောင်းမှုအတွက် မူလက အသက် ၂၇ နှစ်နှင့်အထက်သာသတ်မှတ်ထားသော်လည်း ယခုအခါ အသက် ၂၅ နှစ်မှစ၍ စစ်မှုထမ်းရမည်ဖြစ်ကြောင်းအဆိုပြုထားသည်ဟုသိရသည်။

ယခုအဆိုပြုချက်သည် ရုရှား – ယူကရိန်းစစ် ၂၂ လတာကာလအတွင်းရောက်ရှိလာစဉ် တင်သွင်းအဆိုပြုခဲ့ခြင်းလည်းဖြစ်သည်။

ဒီဇင်ဘာ ၁၉ ရက်ကပြောကြားခဲ့သည့် ယူကရိန်းသမ္မတ၏နှစ်ကုန်မိန့်ခွန်း၌ ယူကရိန်းတပ်သည် စစ်သည်အင်အား ၄၅၀,၀၀၀ မှ ၅၀၀,၀၀၀ အထိတောင်းဆိုထားကြောင်း သမ္မတဇလန်းစကီးကဆိုပြီး ယခုကိစ္စသည် တပ်မတော်နှင့်အစိုးရအကြားဆွေးနွေးရဦးမည့် ထိလွယ်ရှလွယ်ပြဿနာတစ်ရပ်လည်းဖြစ်သဖြင့် လွှတ်တော်ထံတင်သွင်းမသွင်းကိုဆွေးနွေးရဦးမည်ဟုဆိုခဲ့သည်။

ယူကရိန်း၏ တပ်ဖွဲ့ဝင်အရေအတွက်ကို အတိအကျမသိရသော်လည်း ယခင်က နိုင်ငံတွင်းလက်နက်ကိုင်ဆောင်စစ်မှုထမ်းသူ ၁ သန်းခန့်ရှိသည်ဟုဆိုထားသည်။

သို့သော် ယူကရိန်းအား ရုရှားကထိုးစစ်ပြုလုပ်ပြီးကတည်းက လူပေါင်းသိန်းချီ‌ေ-သဆုံးဒဏ်ရာရခဲ့သည်ဟု အမေရိကန်အရာရှိများကခန့်မှန်းထားသည်။သို့သော် ယူကရိန်းအနေဖြင့် ၎င်း၏ အ‌ေ-သအပျောက်စာရင်းအား အတိအကျထုတ်ပြန်ခြင်းမရှိသေးပေ။

Source : ရိုက်တာ/ဂျီအေ


LEAVE A REPLY

Please enter your comment!
Please enter your name here