ရုရှားရွေးကောက်ပွဲ သမ္မတလောင်း အယောက် ၃၀ ကျော်ထိရှိလာ

0
194

မော်စကို၊ဒီဇင်ဘာ ၂၆

ရုရှားနိုင်ငံ၌ လာမည့် ၂၀၂၄ ခုနှစ်၊မတ်လ ၁၅ ရက်မှ မတ်လ ၁၇ ရက်အထိ ကျင်းပပြုလုပ်မည့်သမ္မတရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်အရွေးခံရန် အမည်စာရင်းပေးထားသော ရွေးကောက်ပွဲဝင်ပြိုင်မည့်သမ္မတလောင်းအရေအတွက်မှာ ၃၀ ဦးထက်ပင်ကျော်လွန်သွားပြီဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အယ်လ်လာပန်ဖီလိုဗာက ဒီဇင်ဘာ၂၆ ရက်က သတင်းစာရှင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။

အယ်လ်လာက သမ္မတရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်သူ ၃၀ ကျော်ရှိလာ၍ လာမည့်သမ္မတလောင်းရွေးကောက်ပွဲက ပြိုင်ဆိုင်မှု ပြင်းထန်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက “ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်တဲ့ သမ္မတလောင်းများလာတာနဲ့အမျှ သမ္မတလောင်းတွေအနေနဲ့ ပြိုင်ဆိုင်ရမယ့်သူတွေလည်း ပိုများလာတာမို့ ရွေးကောက်ပွဲမဲဆွယ်မှုကလည်း ပိုလို့အပြိုင်အဆိုင်ဖြစ်လာမှာပေါ့” ဟုဆက်လက်ပြောကြားသွားခဲ့သည်။

ထို့ပြင်၎င်းက “ရွေးကောက်ပွဲဝင်မယ့်သူတွေအနေနဲ့ အချိန်ကိုစီမံခန့်ခွဲပြီး ထိရောက်အောင်အသုံးချရပါမယ်၊မဲဆွယ်ပွဲတွေကိုလည်း ထိထိရောက်ရောက်ကျင်းပရမယ်။ပါတီတွေအနေနဲ့လည်း ညီလာခံတွေကျင်းပရလိမ့်မယ်။ကျွန်မရဲ့အယူအဆအရတော့ ပြိုင်ဆိုင်မှုအဆင့်ဆိုတာ ယှဉ်ပြိုင်မယ့်သူ အရေအတွက်အပေါ်သိပ်ပြီးမမူတည်ပါဘူး။ယှ‌ဥ်ပြိုင်သူတွေရဲ့အရည်အသွေးပေါ်မှာသာမူတည်ပါတယ်” ဟုလည်းပြောသွားခဲ့သေးသည်။

Russian Levada Center ကမူ မကြာမီကပြုလုပ်ခဲ့သော ၂၀၂၄ ခုနှစ်၊ရုရှားနိုင်ငံ၏သမ္မတရွေးကောက်ပွဲဆိုင်ရာစစ်တမ်းတစ်ခုအရ ရုရှားပြည်သူ ၆၈ ရာခိုင်နှုန်းသည် လက်ရှိသမ္မတပူတင်အား လာမည့်ရွေးကောက်ပွဲ၌ ပြန်လည်အရွေးခံရရန် လိုလားကြကြောင်းလည်းသိရသည်ဟုဆိုသည်။

သမ္မတပူတင်အား သမ္မတအဖြစ်ပြန်လည်အရွေးခံရစေရန် လိုလားသူများ၏အများစုသည် အသက် ၅၅ နှစ်နှင့်အထက် ရုရှားပြည်သူများဖြစ်ကြောင်းလည်းတွေ့ရသည်ဟုဆိုခဲ့သည်။

Source : တပ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here