ယောက္ခမအိမ်မီးရှို့ရာမှ နေအိမ် ၂ လုံးမီးလောင်ပြီး ကလေ-းငယ်တစ်ဦး‌ေ-သဆုံးမှု မွန်ပြည်နယ်တွင်ဖြစ်ပွား

0
210

မွန်ပြည်နယ်၊ ပေါင်မြို့၊ ဇင်းကျိုက်ရပ်ကွက်တွင် ရန်ဖြစ်စကားများပြီး‌ ယောက္ခမအိမ်ဆင်းသွားသည့် ဇနီးအားလိုက်ခေါ်ရာ အဆင်မပြေသဖြင့်‌ ယောက္ခမအိမ်မီးရှို့မှုကြောင့် နေအိမ် ၂ လုံးမီးလောင်ပြီး ကလေ-းငယ်တစ်ဦး‌ေ-သဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လင်မယားချင်းရန်ဖြစ်ပြီး ဇနီးဖြစ်သူမှာ နေအိမ်မှဆင်းသွားသည်မှာ ၃ ရက်ခန့် ကြာပြီဖြစ်သည့်အတွက် ခင်ပွန်းဖြစ်သူက ယနေ့ ဒီဇင်ဘာလ (၂၇) ရက် နံနက် ၁ နာရီ ၃၀ ခန့်က ယောက္ခမအိမ်သို့လိုက်လာပြီး အဆင်မပြေသဖြင့် ယောက္ခမဖြစ်သူ၏အိမ်ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ရှို့မီးပေါ့၊ မျက်မြင်တွေ့သူတွေလည်းရှိတယ်၊ အခုက မီးရှို့တဲ့သူကို ဇင်းကျိုက်မြို့နယ် ရဲစခန်းက ဖမ်းထားပြီး စစ်ဆေးတာတွေ လုပ်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါမီးလောင်မှုကြောင့် ပေါင်မြို့နယ်နှင့် ဇင်းကျိုက်နယ်မြေမီးသတ်စခန်းမှ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် နေအိမ် (၂) လုံးမီးလောင်ခဲ့ကာ အသက် (၇) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ေ-သဆုံးသွားသည့်အတွက် မီးရှို့သူအား ဇင်းကျိုက်နယ်မြေရဲစခန်းမှ ဖမ်းဆီးထားကြောင်း သိရသည်။

Photo- MFSD


LEAVE A REPLY

Please enter your comment!
Please enter your name here