ကိုရီးယားသို့ EPS စနစ်ဖြင့် လုပ်သား (၂၇၀) ကျော်စေလွှတ်ခဲ့

0
179

ဒီဇင်ဘာလ (၂၆) ရက်တွင် တောင်ကိုရီးယား နိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သား (၂၇၁) ဦးစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားချက်အရ သိရသည်။

ထိုသို့စေလွတ်ရာတွင် ကုန်ထုတ်လုပ်ငန်းတွင်လုပ်ကိုင်ရန် လုပ်သားသစ် (၂၀၈) ဦးနှင့် Re-entry  အလုပ်သမား (၆၃) ဦး စုစုပေါင်း လုပ်သား (၂၇၁) ဦး ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ကိုရီးယားသမ္မတ နိုင်ငံသို့ ဒီဇင်ဘာလ (၁၉) ရက်တွင် အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် (၁၅၀) ဦးစေလွှတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တောင်ကိုရီးယား နိုင်ငံသို့ EPS လုပ်သားအပြင် လာမည့်နှစ်ဆန်းပိုင်းမှ စတင်ကာ ရာသီချိန်လုပ်သားစေလွှတ်ရန် စီစဉ်ထားပြီး ရာသီချိန်လုပ်သားစေလွှတ်ရန် တင်ပြထားသည့် အေဂျင်စီ (၁၁) ခုရှိကြောင်းလည်း သိရသည်။

လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာအပါအဝင် နိုင်ငံပေါင်း (၁၆) နိုင်ငံမှ EPS လုပ်သား ၁၆၀၀၀၀ ကျော် တိုးမြှင့်ခေါ်ယူသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here