ရွှေတိဂုံစေတီတော်အား ရွှေချလုပ်ငန်းများတွင် အသုံးပြုရန် စက်ရွှေရာဆိုင်း ၃၀၀၀၀ ကို ဂေါပကအဖွဲ့မှ ဈေးပြိုင်တင်ဒါစနစ်ဖြင့် ဝယ်ယူမည်

0
223

လာမည့် ၂၀၂၄ ခုနှစ်အတွင်း ရွှေတိဂုံစေတီတော်အား ရွှေချခြင်း လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် စက်ဖြင့် ပြုလုပ်သည့် ရွှေရာဆိုင်း ၃၀,၀၀၀ ကို ဂေါပကအဖွဲ့မှ ဈေးပြိုင်တင်ဒါစနစ်ဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဈေးပြိုင်တင်ဒါနှင့် ဝယ်ယူသွားမည့် စက်ရွှေရာဆိုင်းများသည် ၂ လက်မပတ်လည်အရွယ်ဖြစ်ပြီး ရွှေဆိုင်း ရောင်းချသူများအနေဖြင့် တင်ဒါ လျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို တစ်စုံလျှင် ကျပ်ငွေ ၁၀,၀၀၀ နှုန်းဖြင့် ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တင်ဒါလျှောက်လွှာများကို ဇန်နဝါရီ (၁)ရက်မှ (၁၂) ရက်အထိ ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ရုံး၌ လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်ထားလာမှုများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁၆) ရက် မွန်းလွဲ (၁) နာရီတွင် ရင်ပြင်တော် တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် တန်ဆောင်း၌ တင်ဒါဖွင့်ဖောက်ရွေးချယ်ခြင်း ပြုလုပ်မည်ဖြစ်ပြီး ရောင်းချလိုသူများ အနေဖြင့် အသေးစိတ်သိရှိလိုပါက ဂေါပကအဖွဲ့ထံရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင်ကြောင်း အသိပေးကြေညာထားသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေစင် ရွှေပြားကပ်လှူပူဇော်ခြင်းကို ငါးနှစ်တစ်ကြိမ် ဆောင်ရွက်လျက်ရှိပြီး လာမည့် ၂၀၂၅ ခုနှစ်တွင် ရွှေစင်ရွှေပြားများကပ်လှူ ပူဇော်သွားရန်ရှိသည့်အတွက် လိုအပ်သောကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို စတင်လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here