ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နောက်(၂)ရက်အတွင်း အအေးပိုလာနိုင်

0
260

နောက်(၂)ရက်အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒီဇင်ဘာ (၂၇)ရက် နံနက်ပိုင်းတွင် ထုတ်ပြန်အသိပေးထားသည်။

ယနေ့ နံနက်ပိုင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နေပြည်တော်နှင့် အနီးတဝိုက်တွင် ယနေ့ညနေပိုင်းအထိအ များအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်သည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့် ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇) ပေခန့် ရှိနိုင်ကြောင်း သိရသည်။

နောက်(၂)ရက်အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပြီး ယနေ့ညနေအထိ နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့အနီးတစ်ဝိုက်တွင်အများအားဖြင့် သာယာမည်ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here