တရုတ်နိုင်ငံ၌ ကျင်းပသည့် လက်ဖက်ပြပွဲတွင် မြန်မာနိုင်ငံမှ လက်ဖက်ခြောက် ရွှေတံဆိပ်ရရှိခဲ့

0
260

တရုတ်နိုင်ငံ Shenzhen မြို့၌ ဒီဇင်ဘာ (၂၁) ရက်မှ (၂၅) ရက်အထိ ပြုလုပ်ခဲ့ပြီး နိုင်ငံတကာမှ ပြခန်းပေါင်း ၄၇၀၀ ကျော် ပါဝင်ပြသခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ လက်ဖက်ပြပွဲများတွင် အကြီးဆုံးပြပွဲများထဲမှ တစ်ပွဲဖြစ်သည့် Global Tea Fair Shenzhen (Autumn) 2023 ပွဲသို့ မြန်မာနိုင်ငံလက်ဖက်အသင်းမှ အသင်းဝင်ကုမ္ပဏီများက သွားရောက် ပြသခဲ့သည်။

ယင်းသို့ ပြသရာတွင် Bio-trade Project ၏ အကူအညီဖြင့် မြန်မာကိုယ်စားပြုပြခန်းပေါင်း ခုနစ်ခန်းဖြင့် မြန်မာ့လက်ဖက်ယဉ်ကျေးမှုကို ဖော်ထုတ်ရန်ရည်ရွယ်၍ အသင်းဝင်လုပ်ငန်းများ၏ မြန်မာ့လက်ဖက်ပုံစံမျိုးစုံကို ခင်းကျင်းပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာ့လက်ဖက် အသင်းဝင်တစ်ဦးဖြစ်တဲ့ TGT Tea Co., Ltd. မှ ဦးမောင်လွင်က Shenzhen ပွဲရဲ့ အစဉ်အလာတစ်ခုဖြစ်တဲ့ လက်ဖက်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး ဆုပေးပွဲမှာ အထူးရွှေတံဆိပ်ဆုကို ရရှိခဲ့ပါတယ်” ဟု အဆိုပါအသင်းက ထုတ်ပြန်ထားသည်။

ယခုဆုမှာ TGT Tea ၏ Jade Leaf လက်ဖက်ခြောက်အနေ ဖြင့် သုံးကြိမ်မြောက် ရွှေတံဆိပ်ဆုရရှိခဲ့ခြင်းဖြစ်ကာ ယခုနှစ်တွင် ထူးခြားစွာဖြင့် အထူးရွှေတံဆိပ်ဆု ရရှိခဲ့ခြင်းဖြစ်ပြီး ကြယ်ငါးလုံးနှင့် ညီမျှသည့် ဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here