ပြည်ပရှိ မြန်မာသံရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ

0
200

သံတမန်များအနေဖြင့် ရန်သူကို မိတ်ဆွေဖြစ်အောင်၊ မိတ်ဆွေကို ပို၍ချစ်ခင်ရင်းနှီးအောင် လုပ်ဆောင်ကြရမည်

ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် အရာထမ်း/ အမှုထမ်းများအား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက တွေ့ဆုံအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ဒီဇင်ဘာ (၂၆)ရက် နံနက် (၁၀)နာရီအချိန်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် သံရုံး၊အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ အရာထမ်း၊ အမှုထမ်းများက ၎င်းတို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံများ၊ ယခုသွားရောက် တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကိုတစ်ဦးချင်းစီ မိတ်ဆက်တင်ပြခဲ့ကြကြောင်း သိရသည်။ 

ထို့နောက် ပြည်ပတွင် သွားရောက်တာဝန်ထမ်းဆောင်မည့်သူများ အနေဖြင့် နိုင်ငံတိုးတက်ရန် ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ပြီး အမျိုးသားအကျိုးစီးပွား (National Interest) ကို ကာကွယ်စောင့်ရှောက်ရန်လည်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မှာကြားခဲ့သည်။

ထို့အပြင် မိမိနိုင်ငံ၏ ပကတိအခြေအနေများကို ရောက်ရှိနေသည့် နိုင်ငံမှ သိရှိအောင် ကြိုးစားလုပ်ဆောင်ရမည် ဖြစ်ပြီး အထင်အမြင်လွဲမှားမှုများ မရှိအောင် ရှင်းလင်းပြောကြား ညှိနှိုင်းဆောင်ရွက်ရမည်မှာ သံတမန်များ၏ တာဝန်များဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

သံတမန်တစ်ဦး လိုက်နာရမည့် စည်းကမ်း၊ စောင့်ထိန်းရမည့်ကျင့်ဝတ်၊ လုပ်ငန်းစဉ်များအားလုံး လေ့လာသိရှိထားပြီးဖြစ်သည့်အတွက် လေးစားလိုက်နာကြရန်နှင့် ကမ္ဘာကြီး၏ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုနှင့် မိမိနိုင်ငံ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အခြေအနေကို အမြဲမပြတ်လေ့လာပြီး သင့်တင့်မျှတသည့် တုံ့ပြန်မှုမျိုးရအောင် ကြိုးစားဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

သံတမန်များအနေဖြင့် ရန်သူကို မိတ်ဆွေဖြစ်အောင်၊ မိတ်ဆွေကို ပို၍ချစ်ခင်ရင်းနှီးအောင် လုပ်ဆောင်ကြရမည်ဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေး အတွေ့အကြုံကောင်းများကို ကိုးကားပြီး နှစ်နိုင်ငံ အကျိုးစီးပွား ဖြစ်ထွန်းအောင်ဆောင် ရွက်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။ 


LEAVE A REPLY

Please enter your comment!
Please enter your name here