(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး မီနီမာရသွန်အပြေးပြိုင်ပွဲ ကျင်းပ

0
147

၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ (၄) ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာအားကစားလှုပ်ရှားမှုနှင့် အမျိုးသား/အမျိုးသမီး မီနီမာရသွန် အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ (၁) တွင် ကျင်းပခဲ့သည်။

အသက် (၁၂) နှစ်အောက် ပြိုင်ပွဲများကို လေးထောင့်ကန်လမ်းမှ ပြည်သာယာလမ်းအထိ ထိုမှပြန်လှည့်၍လည်းကောင်း ၊ အသက် (၁၈) နှစ်အောက် ပြိုင်ပွဲဝင်များကို လေးထောင့်ကန်လမ်း၊ ပြည်သာယာလမ်း၊ ရတနာလမ်း၊ မေတ္တာလမ်း၊သစ္စာလမ်း၊ ပါရမီလမ်းအထိနှင့် ထို့မှပြန်လှည့်၍လည်းကောင်း၊ အသက် (၁၈) နှစ်အထက်ပြိုင်ပွဲဝင်များကို လေးထောင်ကန်လမ်းမှ ဥတ္တရသီရိပန်းခြံ(မြောက်ဥက္ကလာပအဝိုင်းပန်းခြံ)အထိနှင့် ထို့မှပြန်လည်၍ တာထွက်ရာစုရပ်သို့လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အား​ပေးကြသူများက ကြိုဆိုအားပေးခဲ့ကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာအသက် (၁၂) နှစ်အောက် အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲတွင် ပထမမှ ပဉ္စမအထိဆုရရှိသော အားကစားသမားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ ဆဌမမှ ဒဿမအထိ ဆုရရှိသော ပြိုင်ပွဲဝင်များနှင့် အသက် (၁၈)နှစ်အောက်နှင့် (၁၈) နှစ်အထက်အမျိုးသား/အမျိုးသမီးအပြေးပြိုင်ပွဲတွင် ပထမမှ ဒဿမအထိ ဆုရရှိသော အားကစားသမားများအားတိုင်းဒေသကြီး ဝန်ကြီးများကလည်းကောင်း၊အသက် (၁၂) နှစ်၊ (၁၈) နှစ်အောက်နှင့် (၁၈)နှစ်အထက် အဆင့် (၁၁) မှစ၍ အစဉ်လိုက်ပန်းဝင်ကြသူများအားတိုင်းဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ အပြေးပြိုင်ပွဲသို့ အသက် (၁၂) နှစ်အောက် အမျိုးသား/အမျိုးသမီးဦးရေ (၁၀၀၀) ကျော်နှင့် အသက်(၁၈)နှစ်အောက်နှင့် (၁၈) နှစ်အထက် (၃၀၀၀)ဦးကျော် စုစုပေါင်းလူဦးရေ (၄၀၀၀)ကျော် ပါဝင်ဆင်နွှဲ့ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here