MNL-II Promotion Amateur Club ဗိုလ်လုပွဲစဉ်အဖြစ် Rainbow FC နှင့် Rangers FC တို့ ယှဉ်ပြိုင်မည်

0
276

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပသည့် MNL-II Promotion Amateur Club Tournament 2023 ဗိုလ်လုပွဲစဉ်အဖြစ် Rainbow FC နှင့် Rangers FC တို့ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲစဉ်ကို သုဝဏ္ဏဘောလုံးကွင်း၌ ဒီဇင်ဘာ (၂၈) ရက် ညနေ (၄) နာရီတွင် ကျင်းပသွားမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကိုပါကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်လုပွဲစဉ်တွင် Rainbow FC အသင်းနှင့် Rangers FC အသင်းတို့ တွေ့ဆုံနေခြင်းဖြစ်ပြီး ပွဲကစားချိန်မိနစ် (၉၀) အတွင်း သရေရလဒ်ထွက်ပေါ်နေပါက အချိန်ပို (၁၅) မိနစ်စီ ဆက်လက်ယှဉ်ပြိုင်စေမည် မဟုတ်ဘဲ ပင်နယ်တီအဆုံး အဖြတ်ရယူစေမည်ဖြစ်ကြောင်း သိရသည်။

ယခု MNL-II Promotion Amateur Club Tournament 2023 ဗိုလ်လုပွဲရောက် ပြိုင်ပွဲဝင် နှစ်သင်းအနေဖြင့် သတ်မှတ်ထားသည့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအရ လာမည့် ၂၀၂၄ မြန်မာနေရှင်နယ်လိဂ် -၂ အမှတ်ပေးပြိုင်ပွဲကို တန်းတက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

Rainbow FC အသင်းနှင့် Rangers FC တို့ အုပ်စုအဆင့်တွင် တွေ့ဆုံခဲ့စဥ်က Rainbow FC အသင်းက ၅ ဂိုး ၂ ဂိုးဖြင့် Rangers FC ကို ဂိုးပြတ်အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲတွင် မည်သို့ရလဒ်ထွက်ပေါ်လာမည် ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here