ထိုင်းကလပ် Nakhonpathom United ကိုပြောင်းရွေ့သွားခဲ့သည့် မြန်မာ့လက်ရွေးစင် နောက်ခံလူဟောင်း ဇော်မင်းထွန်း

0
184

မြန်မာ့လက်ရွေးစင် နောက်ခံလူဟောင်း ဇော်မင်းထွန်းသည် ထိုင်းပရီးမီးယားလိဂ်ကလပ် Nakhonpathom United ကို ပြောင်းရွေ့သွားပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်နောက်ခံလူဟောင်း ဇော်မင်းထွန်းသည် မလေးရှားစူပါလိဂ်ကလပ် ပီနန်းအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ထိုင်းလိဂ် (၁) ကလပ် Nakhonpathom United အသင်းကို ပြောင်းရွှေ့ခဲ့ခြင်းလည်းဖြစ်သည်။

Nakhonpathom United အသင်းသည် လက်ရှိတွင် ထိုင်းပရီးမီးယားလိဂ်အဆင့် (၇) တွင် ရပ်တည်နေပြီး ဇော်မင်းထွန်းသည်လည်း ယခင်က ထိုင်းကလပ် Chonburi အသင်းတွင်လည်း ကစားခဲ့ဖူးသည့်အတွက် အသင်းသစ်နှင့်အလျင်အမြန်အသားကျဖွယ်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here